ဂရိကို ဝင်ရောက်သူ နေ့စဉ် ၇ ထောင်အထိ တိုးလာ

  • 9 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption အီးယူရဲ့ ခွဲဝေ နေရာချထားရေး အစီအစဉ်အရ ရွှေ့ပြောင်းသူ အယောက် ၂၀ ကို အီတလီကနေ ဆွီဒင်ကို စတင် ပို့ဆောင်။

တူရကီ အနီးက ဂရိပိုင် ကျွန်းတွေပေါ်ကို နေ့စဉ် ဝင်ရောက်နေတဲ့ ရွှေ့ပြောင်းသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ တစ်နေ့ကို အယောက် ၇ ထောင် အထိ တိုးလာတယ်လို့ လူဝင်မှု ကျွမ်းကျင်သူတွေက ပြောပါတယ်။

စက်တင်ဘာလ နှောင်းပိုင်းက တစ်နေ့ကို ပျမ်းမျှ ၄ ထောင့် ၅ ရာသာ ရှိခဲ့တယ်လို့ ရွှေ့ပြောင်းသူများ ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ IOM က ပြောပါတယ်။ အခုလို တိုးလာတာဟာ ရာသီဥတု ပိုဆိုးလာမှာကို စိုးရိမ်ကြတဲ့ အတွက် ဖြစ်နိုင်တယ်လို့ IOM က ဆိုပါတယ်။

တချိန်တည်းမှာ ဥရောပထဲကို ရောက်ရှိပြီး ဖြစ်တဲ့ ရွှေ့ပြောင်းသူတွေကို ခွဲဝေ နေရာချထားဖို့ အီးယူရဲ့ အစီအစဉ် စတင်တဲ့ အနေနဲ့ ရွှေ့ပြောင်းသူ အယောက် ၂၀ ပါတဲ့ လေယာဉ်တစ်စီး အီတလီ ကနေ ဆွီဒင်ကို ဦးတည် ထွက်ခွာ သွားပါတယ်။

တချို့ အီးယူ အဖွဲ့ဝင် နိုင်ငံတွေကတော့ ဒီအစီအစဉ်ကို ဆန့်ကျင် ကြပါတယ်။

တစ်ခါ ဆီးရီးယား နိုင်ငံထဲမှာ ရုရှားက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတဲ့အတွက် ဆီးရီးယား ဒုက္ခသည်တွေ နယ်စပ်ကို ပိုရောက်လာ နိုင်တယ်လို့ တူရကီက စိုးရိမ်တကြီး ပြောဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ