ယူနက်စကို က နန်ကျင်း အဖြစ်အပျက် မှတ်တမ်း တင်မှုကို ဂျပန်ကန့်ကွက်

  • 11 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် bbc
Image caption နန်းကျင်း အစုလိုက်အပြုံလိုက် လူသတ်မှု

ကုလသမဂ္ဂ ယူနက်စကို အဖွဲ့က နန်ကျင်း မြို့မှာ ဂျပန် စစ်တပ် က လူ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ပြုလုပ်ခဲ့တဲ့ အပေါ် ကမ္ဘာ့ မှတ်တမ်း ထားရှိမှုကို ဂျပန် နိုင်ငံက ကန့်ကွက် ခဲ့ပါတယ်။

၁၉၃၇ ခုနှစ်က ဂျပန်တို့၏ လက်ထဲသို့ တရုတ်မြို့ နန်ကျင်း ကျသွားခဲ့ပြီးနောက် ဂျပန်တပ်ဖွဲ့များသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်ဟု တရုတ်က ပြောပါတယ်။

အဆိုပါဖြစ်ရပ်သည် တရုတ်နှင့် ဂျပန်တို့ကြားတွင် တင်းမာမှု မကြာခဏဖြစ်ပေါ်စေသော ကိစ္စရပ်တစ်ခု ဖြစ်တယ်လို့လည်းဆိုပါတယ်။

ယင်းဖြစ်ရပ်အတွက် ဂျပန်သည် လုံလောက်သည့် တောင်းပန်ခြင်းမရှိသေးဟု တရုတ်ဘက်က ပြောကြားပါတယ်။

သောကြာနေ့မှာ ယူနက်စကို အဖွဲ့ကြီးက အဲဒီ့ သတင်းစာ ဖော်ပြ ပါရှိမှုကို ကမ္ဘာ့မှတ်တမ်း ထားရှိဖို့ လက်ခံ ဆုံးဖြတ်ခဲ့ပါတယ်။

နန်ကျင်းမြို့ဟာ အရင်တုန်းက တရုတ်ပြည်ရဲ့ အဓိက မြို့တော် တစ်ခု ဖြစ်ခဲ့ပါတယ်။

လူ သုံးသိန်းလောက် အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံခဲ့ရကြောင်း တရုတ် နိုင်ငံ က ပြောပါတယ်။

စစ်သား မဟုတ်တဲ့ လူအများအပြားကိုတော့ သတ်ဖြတ်ခဲ့ကြောင်း ဂျပန် အစိုးရ အနေနဲ့ လက်ခံ ပေမယ့်လို့ ကမ္ဘာ့ မှတ်တမ်း ထားရှိဖို့ကိုတော့ ကန့်ကွက်ခဲ့ပါတယ်။

ပြီးတော့ ကမ္ဘာ့ မှတ်တမ်း ထားရှိမှုဟာ နိုင်ငံရေး အရ ဆက်နွယ်မှု မရှိသင့်ဘူးလို့ လည်း ဂျပန်နိုင်ငံ ဘက်က ပြောပါတယ်။