IS ခေါင်းဆောင်တချို့ကို ချေမှုန်းနိုင်ခဲ့တယ်လို့ အီရတ်ပြော

  • 11 အောက်တိုဘာ 2015
_iraq_jet ဓာတ်ပုံ မူပိုင် Reuters
Image caption အနောက်ဘက် အဲန်ဘာ ပြည်နယ်ထဲမှာ စနေနေ့က ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု ဟာ IS ခေါင်းဆောင် တွေ အစည်းအဝေး ကျင်းပနေတဲ့ နေရာ ကို ထိမှန် ခဲ့တယ် လို့ ဆို။

အီရတ် စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း အစ္စလာမ်မစ်နိုင်ငံ အဖွဲ့ IS ထိပ်တန်း အဖွဲ့ဝင် တွေ သေဆုံး ခဲ့ကြတယ်လို့ အီရတ် စစ်ဘက် က ထုတ်ပြန် ပါတယ်။

အနောက်ဘက် အဲန်ဘာ ပြည်နယ်ထဲမှာ စနေနေ့က ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု ဟာ IS ခေါင်းဆောင် တွေ အစည်းအဝေး ကျင်းပနေတဲ့ နေရာ ကို ထိမှန် ခဲ့တယ် လို့ ဆိုပါတယ်။

အသေအပျောက် စာရင်း ထဲမှာ IS အဖွဲ့ က ထင်ရှားတဲ့ သူ တချို့ ပါဝင်တယ်လို့ ဆေးရုံး အသိုင်းအဝိုင်း ထဲက သတင်း ရင်းမြစ်တွေက အတည်ပြု ပါတယ်။

အစည်းအဝေး ရှိရာ ကို လာနေတဲ့ IS ခေါင်းဆောင် အဘူဘကာ အယ်လ် ဘတ်ဂ်ဒါဒီ ရဲ့ ယာဉ်တန်းကိုလည်း ထိမှန် ခဲ့တယ် လို့ အီရတ် စစ်တပ် က ပြောနေ ပေမယ့် အဲဒီ့ နေရာ မှာ ရှိတဲ့ သတင်း ရင်းမြစ် တွေ ကတော့ မဟုတ်ဘူး လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ