စစ်ရေးဆောင်ရွက်ချက်တွေအပေါ် ပူတင် ပြင်းပြင်းထန်ထန် ကာကွယ်

  • 11 အောက်တိုဘာ 2015
_protesta_contra_putin_ ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား အစိုးရ တည်ငြိမ်မှသာ နိုင်ငံရေး အရ အပေးအယူ အလျှော့အတင်းတွေ ပြုလုပ် နိုင် မှာ ဖြစ်တယ်လို့ သမ္မတ ပူတင်ပြော။

ရုရှား သမ္မတ ပူတင် က ဆီးရီးယားထဲ ပြုလုပ်နေတဲ့ ရုရှားရဲ့ စစ်ရေး ဆောင်ရွက်ချက်တွေ အပေါ် အတော်လေး ပြင်းပြင်းထန်ထန် ကာကွယ် ပြောဆို ခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံထဲ က တရားဝင် အစိုးရ တည်တည်ငြိမ်ငြိမ် ရှိဖို့ ရည်ရွယ် ပြုလုပ်နေတာ ဖြစ်တယ် လို့ မစ္စတာ ပူတင်က ဆိုပြီး အဲဒီလို ဆီးရီးယား အစိုးရ တည်ငြိမ်မှသာ နိုင်ငံရေး အရ အပေးအယူ အလျှော့အတင်းတွေ ပြုလုပ် နိုင် မှာ ဖြစ်တယ် လို့ ရုရှား နိုင်ငံပိုင် ရုပ်မြင်သံကြား နဲ့ တွေ့ဆုံ မေးမြန်းခန်း မှာ ပြောခဲ့ပါတယ်။

ဆီးရီးယား အရေး နဲ့ ပတ်သက်ပြီး ရုရှား နဲ့ ဆော်ဒီ အာရေဗျ နိုင်ငံ တို့ အကြား ကွဲလွဲချက် တွေ ကို စေ့စပ် အဖြေရှာ နိုင်ဖို့ ကြိုးစားတဲ့ အနေနဲ့လည်းမစ္စတာ ပူတင် က ဆော်ဒီ ကာကွယ်ရေး ဝန်ကြီး မိုဟာမက် ဘင် ဆာလ်မန်း နဲ့ အစော ပိုင်းတုန်းက ရုရှား နိုင်ငံ ဆော့ချီ မြို့မှာ တွေ့ဆုံ ခဲ့ ပါတယ်။

ဆီးရီးယား ထဲမှာ ပြုလုပ် နေတဲ့ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှု တွေ ဟာ ဆော်ဒီ က ထောက်ပံ့ နေတဲ့ သူပုန်အုပ်စု တချို့ ကိုပါ ပစ်မှတ် ထားခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီ ရဲ့ စိုးရိမ်မှု တွေ အပေါ် သူ့ အနေနဲ့ နားလည်ကြောင်း သမ္မတ ပူတင် က ပြောခဲ့တယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ