တရုတ် စွမ်းအင် ဥက္ကဋ္ဌဟောင်း ထောင် ၁၆ နှစ်ကျ

  • 12 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ကျန်းကျိမင်းဟာ တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း CNPC ရဲ့ အကြီးအကဲ ဖြစ်ခဲ့။

တရုတ် နိုင်ငံမှာ အကြီးဆုံး ရေနံ ကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌဟောင်း ဖြစ်သူ ကျန်းကျိမင်းကို အကျင့်ပျက် ခြစားမှုတွေ အတွက် ထောင်ဒဏ် ၁၆ နှစ် ချမှတ် လိုက်တယ်လို့ တရုတ် သတင်းဌာနက ပြောပါတယ်။

မစ္စတာ ကျန်းကျိမင်းဟာ တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း (CNPC) ရဲ့ အကြီးအကဲဟောင်း ဖြစ်ပါတယ်။

သူ့ကို အစိုးရ ရာထူး လက်ခံ ရယူပြီး မကြာမီ ၂၀၁၃ ခုနှစ်မှာ ဖမ်းဆီး ခဲ့တာပါ။

မစ္စတာ ကျန်းဟာ အကျင့်ပျက်မှုနဲ့ အလားတူ ဖမ်းဆီး ခံခဲ့ရတဲ့ လုံခြုံရေး အကြီးအကဲဟောင်း ဇူးယွန်ကန်း နဲ့လည်း မိတ်ဆွေ ဖြစ်ပါတယ်။

ဟူဘေး ပြည်နယ်က တရားရုံးရဲ့ ထုတ်ပြန်ချက် ထဲမှာ မစ္စတာ ကျန်းဟာ လာဘ်စားမှု၊ အရင်းအမြစ် မသိရတဲ့ ပိုင်ဆိုင်မှု အများအပြား လက်ဝယ် တွေ့ရှိမှု၊ အာဏာ အလွဲသုံးမှု စတာတွေနဲ့ အပြစ်ရှိကြောင်း ထင်ရှား ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ