Dell က EMC ကို ၆၇ ဘီလျံနဲ့ ဝယ်ဖို့သဘောတူ

  • 12 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Getty

အမေရိကန် ကွန်ပျူတာ ကုမ္ပဏီကြီး ဖြစ်တဲ့ Dell ကုမ္ပဏီက ဒေတာ အချက်အလက် သိုလှောင်တဲ့ ကုမ္ပဏီ EMC ကို ဒေါ်လာ ၆၇ ဘီလျံနဲ့ ဝယ်ယူဖို့ သဘောတူ လိုက်ပါတယ်။

EMC ရှယ်ယာ ပိုင်ဆိုင်သူတွေ အနေနဲ့ ရှယ်ယာ တစ်ခုကို ဒေါ်လာ ၃၃.၁၅ ဒေါ်လာ နှုန်း ရရှိမှာ ဖြစ်ပါတယ်။

လုပ်ထုံးလုပ်နည်း ကြီးကြပ်သူတွေရဲ့ ခွင့်ပြုချက် ရခဲ့မယ် ဆိုရင် အခု သဘောတူညီချက်ဟာ နည်းပညာ ကုမ္ပဏီတွေကြား အရောင်းအဝယ် လုပ်တဲ့ သမိုင်းမှာ အကြီးဆုံး တန်ဖိုး ပမာဏ ဖြစ်လာဖို့ ရှိပါတယ်။

Dell အနေနဲ့ ပီစီ ကွန်ပျူတာတွေ အရောင်းကျလာတဲ့ အတွက် ပိုမို အကျိုးအမြတ် ရှိမယ့် လုပ်ငန်းတွေကို ချဲ့ထွင်ဖို့ အခုလို ဒေတာ အချက်အလက် သိုလှောင်တဲ့ လုပ်ငန်း နယ်ပယ်ကို ရွေးလိုက်တာလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ