လုံခြုံရေးအဖွဲ့ အကြီးအကဲတွေကို တူရကီ ထုတ်ပယ်

  • 14 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဗုံးခွဲ တိုက်ခိုက် ခံရတဲ့ နေရာကို ဗုဒ္ဓဟူးနေ့က တူရကီ သမ္မတ လာရောက်စဉ်။ တိုက်ခိုက်မှုကို မကိုင်တွယ်နိုင်ခဲ့တဲ့အတွက် အစိုးရအပေါ် မကျေနပ်မှုတွေ ကျယ်ပြန့်လာ။

တူရကီ နိုင်ငံ၊ အန်ကာရာ မြို့တော်မှာ လူ ၉၇ ဦး သေဆုံးခဲ့တဲ့ အသေခံ ဗုံးခွဲမှု ၂ခု ဖြစ်ပွား ခဲ့ပြီးနောက် အန်ကာရာ ရဲတပ်ဖွဲ့၊ စုံစမ်း စစ်ဆေးရေး အဖွဲ့၊ လုံခြုံရေး အဖွဲ့ စတဲ့ အဖွဲ့တွေရဲ့ အကြီးအကဲ တွေကို ရာထူးကနေ ထုတ်ပယ် လိုက်ပါတယ်။

အဲဒီ လူတွေကို ရာထူးကနေ ထုတ်ပယ် လိုက်တဲ့အတွက် ဗုံးခွဲ တိုက်ခိုက်မှုကို စစ်ဆေးရာမှာ တွန်အား ဖြစ်စေ လိမ်မယ်လို့ တူရကီ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

တူရကီ နိုင်ငံရဲ့ ခေတ်သစ် သမိုင်းမှာ အဆိုးရွားဆုံး ဖြ်စတဲ့ အဲဒီ ဗုံးခွဲ တိုက်ခိုက်မှုဟာ တူရကီ အစိုးရ အပေါ် မကျေနပ်မှု တွေကိုလည်း ဖြစ်စေခဲ့ပါတယ်။

တူရကီ အစိုးရနဲ့ ကာဒစ်ရှ် ပီကေကေ တို့အကြား တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ငြိမ်းချမ်းရေး ဆန္ဒပြကြတဲ့ လူအုပ်ကို ပြီးခဲ့တဲ့ စနေနေ့က အသေခံ ဗုံးခွဲသူ နှစ်ယောက်က ဗုံးခွဲ တိုက်ခိုက် ခဲ့ကြတာပါ။

အဲဒီ ဗုံးခွဲ တိုက်ခိုက်မှုကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့နဲ့ ကာဒစ်ရှ် ပီကေကေ အဖွဲ့ ၂ ခုစလုံးက ပြုလုပ် ခဲ့နိုင်တယ်လို့ တူရကီ ဝန်ကြီးချုပ်က ပြောပါတယ်။ တနင်္လာနေ့ တုန်းကတော့ သူက IS အဖွဲ့ဟာ ဗုံးခွဲ တိုက်ခိုက်မှုအတွက် အဓိက သံသယရှိသူ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ