လော့ကာဘီ လေယာဉ်ဗုံးခွဲမှုအတွက် တာဝန်ရှိသူ အသစ်တွေ ထပ်မံထွက်ပေါ်

  • 15 အောက်တိုဘာ 2015
_lockerbie_plane ဓာတ်ပုံ မူပိုင် AFP
Image caption လော့ကာဘီ မြို့ပေါ် အရောက် ဗုံးခွဲ တိုက်ခိုက် ခံခဲ့ ရတာမှာ လူ ပေါင်း ၃၀၀ နီးပါး သေဆုံး ခဲ့ကြရ။

လော့ကာဘီ ဗုံးကွဲ မှု ဆိုပြီး အသိများကြတဲ့ ၁၉၈၈ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ ပဲန် အမေရိကန် လေကြောင်းလိုင်း က လေယာဉ် ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရတာ နဲ့ ပတ်သက်ပြီး သံသယ ရှိရသူ လစ်ဗျား နိုင်ငံသား ၂ ယောက် အသစ် ထပ်မံ ရှိလာတယ် လို့ စကော့တလန် နဲ့ အမေရိကန် က အစိုးရ ရှေ့နေ တွေက ပြောလိုက် ပါတယ်။

အဲဒီ့ သူတွေ ကတော့ ဗိုလ်မှုးကြီး ကဒါဖီ လက်ထက်က လစ်ဗျား ထောက်လှမ်းရေးမှုးချုပ် လုပ်ခဲ့တဲ့ Abdullah al-Senussi ဆိုသူနဲ့ Mohammed Abouajela Masud တို့ ၂ ဦး ဖြစ်မယ်လို့ ဘီဘီစီ က ယုံကြည် ထားပါတယ်။

အဲဒီ့ ၂ ဦး စလုံးဟာ လစ်ဗျား နိုင်ငံ ထဲမှာ လက်ရှိ အကျဉ်းကျခံ နေကြရပါတယ်။

အတ္တလန်တစ် သမုဒ္ဒရာ ကို ဖြတ်ပြီး ပျံသန်းတဲ့ ပဲန် အမေရိကန် လေကြောင်းလိုင်း က လေယာဉ် ဟာ စကော့တလန် မြို့ တစ်မြို့ ဖြစ်တဲ့ လော့ကာဘီ မြို့ပေါ် အရောက် ဗုံးခွဲ တိုက်ခိုက် ခံခဲ့ ရတာမှာ လူ ပေါင်း ၃၀၀ နီးပါး သေဆုံး ခဲ့ကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ