ရွေးကောက်ပွဲကတိနဲ့ ဖီလာပြီး အာဖဂန်မှာ စစ်တပ်ဆက်ထားမယ်

  • 15 အောက်တိုဘာ 2015
_afghanistan_foreign_military_camp ဓာတ်ပုံ မူပိုင် MOD
Image caption အာဖဂန်နစ္စတန် နိုင်ငံထဲ အမေရိကန် ရဲ့ စစ်ရေးအရ ဝင်ရောက် ပတ်သက် နေမှုကို သူ့ လက်ထက်မှာ အဆုံးသတ်မယ် ဆိုပြီး မစ္စတာ အိုဘားမား က သမ္မတ ရွေးကောက်ပွဲ အကြို မဲဆွယ်တုန်းက ကတိကဝတ်ပြုထား။

အာဖဂန်နစ္စတန် နိုင်ငံမှာ အမေရိကန် စစ်တပ်တွေ ဆက်လက် ထားရှိသွားမယ် ဆိုပြီး သမ္မတ အိုဘားမား က ကြေညာ လိုက် ပါတယ်။

အမေရိကန် သမိုင်းမှာ အရှည်ကြာဆုံး စစ်ပွဲ ဖြစ်နေတဲ့ အာဖဂန်နစ္စတန် နိုင်ငံထဲ အမေရိကန် ရဲ့ စစ်ရေးအရ ဝင်ရောက် ပတ်သက် နေမှုကို သူ့ လက်ထက်မှာ အဆုံးသတ်မယ် ဆိုပြီး မစ္စတာ အိုဘားမား က သမ္မတ ရွေးကောက်ပွဲ အကြို မဲဆွယ်တုန်းက ကတိကဝတ်ပြုထား ပေမယ့် အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အာဖဂန် နစ္စတန် နိုင်ငံထဲ နောက်လာမယ့် ၂၀၁၆ တစ်နှစ်လုံး လိုလို မှာလည်း အမေရိကန်စစ် အင်အား ၁ သောင်း နီးပါး ဆက်လက် ရှိနေမှာ ဖြစ်ပါတယ်။

တာလီဘန် တွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ် တိုးမြှင့်လာတဲ့ အပေါ် ရင်ဆိုင် ကိုင်တွယ် နိုင်ဖို့ရာ အာဖဂန် တပ်ဖွဲ့ အနေနဲ့ လုံလောက်တဲ့ အင်အား မရှိသေးဘူးလို့ မစ္စတာ အိုဘားမား က ပြောပါတယ်။

အမေရိကန် ကို ထပ်မံ တိုက်ခိုက်လာနိုင်တဲ့ အကြမ်းဖက် သမားတွေ အတွက် အာဖဂန်နစ္စတန် ဟာ လုံခြုံရာ နယ်မြေ ဖြစ်နေ ရတာကို တားဆီးဖို့ အတွက် အမေရိကန် တပ်တွေ အနေနဲ့ အခုလို အချိန် ထပ်ဆောင်း ယူပြီး လုပ်ဆောင်ရဖို့ ထိုက်တန် တယ် လို့ သမ္မတ အိုဘားမား က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ