အမေရိကန်ရဲ့ အချက်အလက်တွေ ခိုးယူသူ မလေးရှားမှာ ဖမ်းမိ

  • 16 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Reuters

အမေရိကန် လုံခြုံရေး ဝန်ထမ်းတွေရဲ့ ကိုယ်ရေး အချက်အလက် တွေကို ခိုးယူပြီး IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ဆီ ပေးပို့တယ် ဆိုတဲ့ ကိုဆိုဗို နွယ်ဖွား လူငယ် တစ်ယောက်ကို မလေးရှား နိုင်ငံမှာ ဖမ်းမိ လိုက်ပါတယ်။

ကိုဆိုဗို ဒေသဖွား အသက် ၂၀ ကျော် အရွယ် အဲဒီ လူကို စက်တင်ဘာ ၁၅ ရက်နေ့က ဖမ်းမိခဲ့တာလို့ မလေးရှား ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။

အမေရိကန်ကတော့ အဲဒီလူဟာ ကိုဆိုဗို ဟက်ကာ လုံခြုံရေး လို့ခေါ်တဲ့ (KHS) အဖွဲ့ရဲ့ ခေါင်းဆောင် အာဒစ် ဖာရီဇီ Ardit Ferizi ဆိုသူ ဖြစ်တယ်လို့ သီးခြား ဖော်ပြ ပါတယ်။

မစ္စတာ ဖာရီဇီကို အမေရိကန် ပြည်ထောင်စုဆီ ပြန်လည် လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

အမေရိကန် တရားရေး ဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မစ္စတာ ဖာရီဇီဟာ အမေရိကန် စစ်တပ်နဲ့ အစိုးရ ဝန်ထမ်း ၁၃၅၁ ဦးရဲ့ ကိုယ်ရေး အချက်အလက်တွေကို ရယူဖို့ အမေရိကန် ကုမ္ပဏီ တစ်ခုရဲ့ အချက်အလက် သိုလှောင်ရေး စနစ်ထဲကို ချိုးဖောက် ဝင်ရောက် ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။

သူ့ကို ကွန်ပျူတာတွေထဲ ချိုးဖောက် ဝင်ရောက်မှု၊ ကိုယ်ရေးအချက်တွေ ခိုးယူမှု တွေနဲ့ စွဲဆိုသွားဖို့ ရှိပြီး ထောင်ဒဏ် ၃၅ နှစ်အထိ ကျခံရနိုင်တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ