ဆီးရီးယားနယ်စပ်အနီး ဒရုန်းတစ်စီးကို တူရကီ ပစ်ချ

  • 16 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption တူရကီ တောင်ပိုင်းမှာ ရှိတဲ့ Incirlik လေတပ်စခန်းက လေယာဉ်တွေ ဆီးရီးယား နယ်စပ်မှာ ကင်းလှည့်။

ဆီးရီးယားနဲ့ နယ်စပ်အနီး တူရကီ လေပိုင်နက်ထဲကို ဝင်လာတဲ့ မောင်းသူမဲ့ လေယာဉ် တစ်စီးကို တူရကီ တိုက်လေယာဉ်တွေက ပစ်ချလိုက်တယ်လို့ တူရကီ အစိုးရက ပြောပါတယ်။

အဲဒီ လေယာဉ်ဟာ မောင်းသူမဲ့ ဒရုန်း တစ်စီး ဖြစ်တယ်လို့သာ သတင်းတွေက ဖော်ပြပြီး အသေးစိတ်ကို မသိရသေးပါဘူး။

အဲဒီ ဒေသမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကို တိုက်နေတဲ့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တွေက ဒရုန်းတွေ သုံးနေသလို ရုရှားနဲ့ ဆီးရီးယား အစိုးရ တို့ကလည်း ဒရုန်းတွေ အသုံးပြုနေပါတယ်။

ဒါပေမယ့် အခု ပစ်ချခံရတဲ့ ဒရုန်းဟာ စစ်ရေး ဆောင်ရွက်နိုင်တဲ့ အမျိုးအစား မဟုတ်ဘူးလို့ တူရကီ မီဒီယာက ပြောပါတယ်။

ရုရှားကတော့ အဲဒီ ဒေသက သူ့ လေယာဉ်တွေ အားလုံး ပုံမှန် လုပ်ငန်း ဆောင်ရွက် နေဆဲပါလို့ နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

အခုလ အစောပိုင်းက ရုရှား တိုက်လေယာဉ်တွေ တူရကီ ဝေဟင်ထဲ ကျူးကျော် ဝင်ရောက်ခဲ့တယ်လို့ တူရကီက စွပ်စွဲခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ