ဒုက္ခသည်အရေး စီမံဖို့ ဆလိုဗေးနီးယားက ရဲတပ်ဖွဲ့ဝင် ထပ်ဆောင်း စေလွှတ်

  • 17 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဥရောပသို့ ရောက်ရှိလာကြတဲ့ ဒုက္ခသည်များ

အောက်တိုဘာ ၁၆ ရက်နေ့ ညက ဟန်ဂေရီ နိုင်ငံက ခရိုးအေးရှား နဲ့ နယ်စပ် ကို ပိတ်လိုက် တဲ့ အတွက် ခရိုးအေးရှား ကနေ ဆလိုဗေးနီးယား နိုင်ငံ အတွင်းကို ဝင်ရောက် လာကြမဲ့ ဒုက္ခသည်တွေကို မှတ်ပုံတင်ရေး စီမံ ဆောင်ရွက်ဖို့ အတွက် ရဲတပ်ဖွဲ့ဝင် တွေကို ထပ်ဆောင်း စေလွှတ် လိုက်ပါတယ်။

ခရိုအေးရှား နိုင်ငံက သူ့နိုင်ငံ အတွင်း က ရွှေ့ပြောင်း ဒုက္ခသည်တွေကို ဆလိုးဗေးနီးယား နိုင်ငံ ဆီကို ရွှေ့ပြောင်း ပို့ဆောင် နေတဲ့ အတွက် ဆလိုဗေးနီးယား ကို အများအပြား ဝင်ရောက် လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဟန်ဂေရီ နိုင်ငံက ဥရောပ သမဂ္ဂ အနေနဲ့ ဥရောပနဲ့ ထိစပ်နေတဲ့ နိုင်ငံတွေက နယ်စပ် တွေကို ကာကွယ်မှု မပေးနိုင်တဲ့ အတွက် နယ်စပ် တွေကို ခြံစည်းရိုး ခတ် ပိတ်ရုံမှ လွဲပြီး အခြား ရွေးချယ်စရာ နည်းလမ်း မရှိကြောင်း ပြောပါတယ်။

ဥရောပ မြောက်ပိုင်း နိုင်ငံတွေ ဖြစ်တဲ့ ဩစတီးယား၊ ဂျာမနီ နိုင်ငံတွေ ဆီကို သွားရောက်ဖို့ အတွက် ဒုက္ခသည် ရှစ်ထောင် လောက် ဟန်ဂေရီ နိုင်ငံကနေ နေ့စဉ် ဖြတ်ကျော် နေတယ်လို့ ပြောပါတယ်။