ဆလိုဗေးနီးယားထဲ ရွှေ့ပြောင်းသူ ထောင်ချီဝင်နေ

  • 17 အောက်တိုဘာ 2015
slovenia_ ဓာတ်ပုံ မူပိုင် AFP
Image caption ဩစတြီးယား နဲ့ ဂျာမနီ နိုင်ငံတွေ က နယ်စပ် တွေ ကို ဖွင့် ပေးထား သ၍ ရွှေ့ပြောင်း သူတွေကို ဆလိုဗေးနီးယား ထဲကို ဝင်ခွင့် ပေးမယ်။

ခရိုအေရှား နဲ့ နယ်စပ် ကို ဟန်ဂေရီ ဘက်က ပိတ်ဆို့ ခဲ့တဲ့ နောက် ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်း သူတွေ ဟာ အခုဆိုရင် ဆလိုဗေး နီးယား နိုင်ငံ ထဲ ကို ဝင်ရောက် နေကြ ပါတယ်။

သူတို့ ဟာ ဩစတြီးယား ဒါမှမဟုတ် ဂျာမနီ နိုင်ငံ ထိ ရောက်ဖို့ ဦးတည် သွား နေကြတာ ဖြစ်ပါတယ်။

ဝင်ရောက် လာသူတွေ အရေး ကို ဆလိုဗေးနီးယား စစ်တပ် က ရဲတွေ နဲ့ အတူ ပူးပေါင်း ကိုင်တွယ် လာနိုင်တယ် လို့ ဆလိုဗေးနီးယား ၀န်ကြီးချုပ် မိုင်ရို ဆီရား က ပြောပါတယ်။

ဩစတြီးယား နဲ့ ဂျာမနီ နိုင်ငံတွေ က နယ်စပ် တွေ ကို ဖွင့် ပေးထား သ၍ ရွှေ့ပြောင်း သူတွေကို ဆလိုဗေးနီးယား ထဲကို ဝင်ခွင့် ပေးမယ် ဆိုပြီး တော့လည်း ဝန်ကြီးချုက် ဆီးရား က ဆိုပါတယ်။

တခါ၊ အင်္ဂလိပ် ရေလိပ်ကြား ကို ဖြတ်ကျော်ပြီး ဗြိတိ နိုင်ငံထဲ ဝင်ရောက် နိုင်ဖို့ အတွက် ပြင်သစ် နိုင်ငံ ဘက်ခြမ်း က ခါ့လေး ဆိပ်ကမ်း ဝန်းကျင် ကို ရောက် နေကြတဲ့ ရွှေ့ပြောင်းသူ တွေ အရေအတွက် ဟာ အခု သီတင်းပတ် တွေ အတွင်း ၂ ဆ တိုးလာ ပြီး ၆ ထောင် အထိ ရှိ လာတယ် လို့ ပြင်သစ် အာဏာပိုင် တွေ က ဆိုပါတယ်။

အဲဒီ့ သူတွေ ဟာ ယာယီ တဲတွေ ထိုးပြီး ဖြစ်သလို နေထိုင် နေကြရတာ ဖြစ်ပါတယ်။

ခါလေး ဆိပ်ကမ်း တဝိုက် မှာ အရံအတား အသစ် တွေ ချထားပြီး ရဲ တပ်ဖွဲ့ အင်အားလည်း တိုးမြှင့် ရတာဟာ လုံခြုံရေး ဆိုင်ရာ သတိထားပြီး လုပ်ဆောင် ရတာ မျိုး ဖြစ်တယ်လို့ ဒေသခံ အစိုးရ အရာရှိ တစ်ယောက် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ