အကန့်အသတ်နဲ့သာ လူ၀င်ခွင့်ပေးမယ်လို့ ဆလိုဗေးနီးယားပြော

  • 18 အောက်တိုဘာ 2015
_slovenia_qaxoti_
Image caption တစ်နေ့ကို လူ ၁၅၀၀ ပဲ လက်ခံ နိုင်မယ် လို့ ဆလိုဗေးနီးယား ပြည်ထဲရေး ဝန်ကြီးပြော။

ဆလိုဗေးနီးယား နိုင်ငံထဲကို ဝင်ရောက် နိုင်ဖို့ အိမ်နီးချင်း တိုင်းပြည် တွေ မှာ ရွှေ့ပြောင်း ဝင်ရောက်သူ အရေအတွက် တွေ စုပုံ များပြား လာနေချိန် မှာပဲ သူတို့ အနေနဲ့ ဝင်ရောက်သူ တွေကို အတိုင်းအဆ မရှိ ပမာဏ သဘောမျိုး လက်ခံ မှာ မဟုတ် ဘူး လို့ ဆလိုဗေးနီးယား က သတိပေး လာပါတယ်။

တစ်နေ့ကို လူ ၁၅၀၀ ပဲ လက်ခံ နိုင်မယ် လို့ ဆလိုဗေးနီးယား ပြည်ထဲရေး ဝန်ကြီးက ဆိုပါတယ်။

ခရိုအေရှား နဲ့ နယ်စပ်ကို ဟန်ဂေရီ နိုင်ငံ ဘက်က ပိတ်ချ လိုက် ပြီးတဲ့နောက် ခရိုအေးရှား ထဲ ရောက် နေကြတဲ့ ရွှေ့ပြောင်း သူတွေ ကို အခုလို ဆလိုဗေးနီးယား နိုင်ငံဆီ လမ်းလွှဲ ပေးနေတာ ဖြစ်ပါတယ်။

ခရိုအေရှား နိုင်ငံထဲ မှာလည်း လက်ရှိ အခြေအနေတိုင်းသာ ရွှေ့ပြောင်းသူ အရေအတွက် ဆက်လက် တိုးတက် များပြား နေဦးမယ် ဆိုရင် ခရီးမဆက်ခင် တစ်ထောက်နားဖို့ ယာယီ လက်ခံပေးရာ စခန်းတွေ မှာ နေရာလွတ် ကျန်တော့မှာ မဟုတ် ဘူး ဆိုပြီး ခရိုအေးရှား အစိုးရ အရာရှိ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ဆလိုဗေးနီးယား ကို ဝင်ရောက် လိုသူတွေ အများစုဟာ အဲဒီကနေ တဆင့် ဩစတြီးယား နိုင်ငံဆီ အရောက်သွားဖို့ ရည်ရွယ် ထားကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဩစတြီးယား အစိုးရ ကလည်း တစ်ရက် ကို ဘယ်နှစ်ယောက်ပဲ လက်ခံမယ် ဆိုတဲ့ အရေအတွက် ကို ကန့်သတ် ထားနှင့်ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ