လူဝင်မှုပြဿနာအရေး တူရကီကို ဂျာမနီဝန်ကြီးချုပ် သွားရောက်

  • 18 အောက်တိုဘာ 2015
germany_turkey_
Image caption တူရကီ နိုင်ငံ အီးယူ အဖွဲ့ဝင် ဖြစ်လာဖို့ လျှောက်ထားမှု ကို မြန်မြန် ဆန်ဆန် ဆုံးဖြတ်ပေးရေး တူရကီ သမ္မတ တောင်းဆို။

လူဝင်မှု ပြဿနာ ကို ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ က ဘယ်လို ကိုင်တွယ် မလဲ ဆိုတာ ဆွေးနွေး ဖို့ တူရကီ နိုင်ငံ ဆီ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် သွားရောက် ခဲ့ပါတယ်။

ဥရောပထဲ ကို ဝင်ရောက်ဖို့ အတွက် ထောင် သောင်း ချီတဲ့ ရွှေ့ပြောင်းသူတွေ ဟာ တူရကီ ကနေ တဆင့် ဆက်လက် ထွက်ခွာ လာနေကြဆဲ ဖြစ်ပါတယ်။

အခုလို ဂျာမနီ ဝန်ကြီးချုပ် မာ့ခဲလ် လာရောက်စဉ် မှာပဲ တူရကီ နိုင်ငံ အီးယူ အဖွဲ့ဝင် ဖြစ်လာဖို့ လျှောက်ထားမှု ကို မြန်မြန် ဆန်ဆန် ဆုံးဖြတ်ပေးရေး အပေါ် ထောက်ခံ ပေးဖို့ တူရကီ သမ္မတ ရာဂျစ် တိုင်ရိ(ပ) အဒိုအန် က တောင်းဆို ခဲ့ပါတယ်။

ဂျာမနီ အပါအဝင် ပြင်သစ်၊ ဗြိတိန် နဲ့ စပိန် နိုင်ငံတွေ ကို ပါ အခုလိုမျိုး တောင်းဆို ထားတယ် လို့ လည်း မစ္စတာ အဒိုအန် က ပြောပါတယ်။

တူရကီ နိုင်ငံသားတွေ ကို ဗီဇာ လျှောက်ထား စရာ မလိုပဲ အီးယူ အဖွဲ့ဝင် နိုင်ငံတွေ ဆီ လာရောက် ခွင့် ပေးဖို့ ကို ထောက်ခံ ပေးမယ်လို့ ဝန်ကြီးချုပ် မာ့ခဲလ် က ကတိပြု ခဲ့သလို၊ အီးယူ အဖွဲ့ထဲ တူရကီ ပါဝင်လာရေး လျှောက်ထား မှု အပေါ် မှာလည်း ဂျာမနီက တွန်းအား တွေ ပေးမယ် လို့ လည်း ပြောခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ