တရုတ် သမ္မတ ဗြိတိန် နိုင်ငံ ကို ရောက်ရှိ

  • 20 အောက်တိုဘာ 2015
xi_jinping_uk
Image caption သမ္မတ ရှီကျင်းပင် ဟာ ဗြိတိန် နိုင်ငံ ကို ၄ ရက် ကြာ အလည်အပတ် ခရီး ရောက်ရှိ

တရုတ် သမ္မတ ရှီကျင်းပင် ဟာ ဗြိတိန် နိုင်ငံ ကို ၄ ရက် ကြာ အလည်အပတ် ခရီး ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံ နဲ့ ကမ္ဘာ့ စီးပွားရေး အင်အား ဒုတိယမြောက် အကြီးဆုံး ဖြစ်တဲ့ တရုတ် နိုင်ငံ တို့ အကြား ဆက်ဆံ ရေး ကောင်းမွန်မှု အမြင့်ဆုံး အခြေအနေ ကို ရောက်ရှိဖို့ ဗြိတိန် အစိုးရ ဘက်က ကြိုးပမ်း လာမှု တစ်ရပ် အဖြစ် နဲ့ အခုလို ဖိတ်ကြား ခဲ့တာ ပါ။

ဘာကင်ဟမ် နန်းတော်မှာ ဗြိတိန် ဘုရင်မကြီး Queen Elizabeth တည်ခင်း ဧည့်ခံမယ့် ညစာ စားပွဲ ကို သမ္မတ ရှီကျင်းပင် တက်ရောက်မှာ ဖြစ်သလို ဗြိတိန်ရဲ့ ပါလီမန် နှစ်ရပ် စလုံးမှာ လည်း မိန့်ခွန်း ပြောကြား ဖို့ ရှိပါတယ်။

တရုတ်ပြည်တွင်း လူ့ အခွင့်အရေး အခြေအနေ တွေ နဲ့ ပတ်သက်လို့ သာမက လုံခြုံရေး ဆိုင်ရာ အန္တရာယ် ရှိလာ စေ နိုင်တဲ့ နျူကလီယာ စွမ်းအင် ထုတ်လုပ်ရေး ကိစ္စ မှာ တရုတ် နဲ့ သဘော တူညီ မှု တွေ ရယူထား တဲ့ အတွက် ဗြိတိန် အစိုးရ အပေါ် ဝေဖန်သူတွေ က တော့ မေးခွန်း ထုတ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ