ဘော်လ်ကန်ဒေသမှာ ရွှေ့ပြောင်းသူတွေ ပိတ်မိနေ

  • 19 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဘော်လ်ကန်ဒေသ နိုင်ငံတွေရဲ့ နယ်စပ်တွေမှာ အမိုးအကာမဲ့ ပိတ်မိနေကြ။

ဘော်လ်ကန် ဒေသ နိုင်ငံတွေရဲ့ နယ်စပ်တွေမှာ ရွှေ့ပြောင်း ဝင်ရောက်သူ ထောင်ပေါင်းများစွာ ပိတ်မိနေပြီး အေးမြ စိုစွတ်တဲ့ ရာသီဥတု ဒဏ်ကို ကြုံတွေ့ နေကြရတယ်လို့ သိရပါတယ်။

ခရိုအေးရှားနဲ့ စလိုဗေးနီးယား နယ်စပ်မှာ ကလေးငယ်တွေ အပါအဝင် ရွှေ့ပြောင်းသူ ရာဂဏန်းအချို့ဟာ ညပိုင်းမှာ အမိုးအကာ မရှိဘဲ အိပ်စက် ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဆားဗီးယားနဲ့ ခရိုအေးရှား နယ်စပ်မှာလည်း ရွှေ့ပြောင်းသူတွေကို ရေနဲ့ အစားအစာ ထောက်ပံ့မှု မရှိတဲ့ အတွက် ကုလ သမဂ္ဂ ဒုက္ခသည် အေဂျင်စီက ဝေဖန် ပြောကြားခဲ့ပါတယ်။

မြောက်ပိုင်း ဥရောပ နိုင်ငံတွေဆီ သွားရောက်တဲ့ ဘော်လ်ကန် ဒေသ အနောက်ဘက် လမ်းကြောင်းဟာ အစိုးရတွေရဲ့ ပိတ်ဆို့ ကန့်သတ်တာကို ခံထားရတာပါ။

ဆီးရီးယား၊ အာဖရိကနဲ့ အာဖဂန် နိုင်ငံတွေက ရွှေ့ပြောင်း ဝင်ရောက်သူတွေဟာ ဂျာမနီနဲ့ ဆွီဒင် တို့လို မြောက်ပိုင်း အီးယူ နိုင်ငံတွေဆီ သွားရောက်ဖို့ ရည်ရွယ်ချက်နဲ့ တူရကီ နိုင်ငံက တဆင့် ဘော်လ်ကန် ဒေသကို ပြီးခဲ့တဲ့ လအနည်းငယ် အတွင်း ရောက်ရှိ လာခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ