တရုတ် သမ္မတကို ယူကေ အခမ်းအနားနဲ့ ကြိုဆို

  • 20 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption တရုတ် သမ္မတကို ဘက်ကင်ဟမ် နန်းတော်ဆီ နိုင်ငံတော် အခမ်းအနားနဲ့ ကြိုဆို ခေါ်ဆောင်။

ယူကေ နိုင်ငံကို အလည်အပတ် ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင်းပင်ရဲ့ ပထမဆုံး နေ့မှာ ဘုရင်မကြီး အဲလိဇဘက်နဲ့ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် တို့က နိုင်ငံတော် အခမ်းအနားနဲ့ ကြိုဆို ခဲ့ကြပါတယ်။

တရုတ် သမ္မတ ရှီကျင်းပင်နဲ့ သူ့ရဲ့ ကတော် ပင်လီယွမ် တို့ကို ဘက်ကင်ဟမ် နန်းတော်ကို သွားတဲ့ မောလ် လမ်းမကြီး တလျှောက် အခမ်းအနားနဲ့ ကြိုဆို ခေါ်ဆောင် ခဲ့ပြီး ဘက်ကင်ဟမ် နန်းတော်မှာ နိုင်ငံတော် ညစာ စားပွဲနဲ့ ဧည့်ခံမှာ ဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံက အမြင်ကျယ်ကျယ် ထားပြီး၊ ဗြိတိန်နဲ့ တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးတွေ ပိုမို နီးကပ် လာနေတယ်လို့ ယူက နိုင်ငံခြားရေး ဝန်ကြီး ဖိလစ် ဟာမန်းက ပြောပါတယ်။

တရုတ်နဲ့ ပိုနီးကပ်အောင် ယူကေက အမောတကော လုပ်ဆောင် နေတယ် ဆိုတဲ့ ပြောဆိုချက်တွေကိုတော့ သူက ငြင်းဆို ခဲ့ပါတယ်။

တရုတ် သမ္မတ ခရီးစဉ် အတွင်း သမ္မတ ရှီကျင်းပင်နဲ့ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းတို့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိသလို၊ ပေါင် ၃၀ ဘီလျံကျော် တန်ဖိုးရှိမယ့် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်တွေ ချုပ်ဆို နိုင်မယ်လို့လည်း ဝန်ကြီးတွေက မျှော်လင့် ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ