ဖိလစ်ပိုင် ပစ်ခတ်မှု တရုတ် သံတမန် ၂ဦး သေဆုံး

  • 21 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ပစ်ခတ် ခံရသူတွေနဲ့ ပစ်ခတ်သူ အမျိုးသမီးတို့ အသိအကျွမ်းတွေ ဖြစ်ပုံရ။

ဖိလစ်ပိုင် နိုင်ငံ၊ ဆက်ဘူး မြို့လယ်က စားသောက်ဆိုင် တစ်ဆိုင်မှာ တရုတ် အမျိုးသမီး တစ်ဦးက သေနတ်နဲ့ ပစ်ခတ် ခဲ့တဲ့အတွက် တရုတ် သံတမန် နှစ်ဦး သေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဆက်ဘူးမြို့ တရုတ် ကောင်စစ်ဝန်ရုံးက ဒုတိယ ကောင်စစ်ဝန်နဲ့ ဘဏ္ဍာရေး အရာရှိတို့ သေဆုံးခဲ့ပြီး ကောင်စစ်ဝန်ချုပ် ကတော့ ဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒဏ်ရာရခဲ့တဲ့ တရုတ် ကောင်စစ်ဝန်ချုပ် Song Ronghua ကို ဆေးရုံမှာ တင်ထားရပြီး၊ တရုတ် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို ဖမ်းဆီး ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်သူ တရုတ် အမျိုးသမီးကလည်း ကောင်စစ်ဝန် ရုံးမှာ အလုပ်လုပ်သူ ဖြစ်ပြီး၊ ပစ်ခတ်ရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ အသေးစိတ်ကို စုံစမ်းဆဲ ဖြစ်တယ်လို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ပြောခွင့်ရသူ က ပြောပါတယ်။

အဲဒီ တရုတ် သံတမန်တွေ ဝိုင်းဖွဲ့ စားသောက်တဲ့ သီးသန့် အခန်းထဲကနေ ပစ်ခတ်သံတွေ ကြားခဲ့ရတာလို့ စားသောက်ဆိုင် မန်နေဂျာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ