အစ္စရေးနဲ့ ပါလက်စတိုင်းအရေး ဂျွန်ကယ်ရီ အကောင်းမြင်

  • 22 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုနဲ့ ဂျွန်ကယ်ရီ ဘာလင်မှာ တွေ့ဆုံခဲ့။

အစ္စရေးနဲ့ ပါလက်စတိုင်းတွေ အကြား တိုးမြှင့် ပေါ်ပေါက်လာတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို အဆုံးသတ် နိုင်ဖို့အတွက် နည်းလမ်း တစ်ခု ရှာတွေ့နိုင်ခြေ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောဆို လိုက်ပါတယ်။

ဂျွန်ကယ်ရီက အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ ဘာလင်မြို့မှာ တွေ့ဆုံ ခဲ့ပြီးနောက် ဂျာမန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ခုလို ပြောခဲ့တာပါ။

ဘယ်လို ဆောင်ရွက်မယ် ဆိုတာ အတိအကျ မပြောပေမယ့် လက်ရှိ အခြေအနေတွေ တည်ငြိမ်အောင် ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေ အတွက် လာမယ့် ရက်အနည်းငယ် အတွင်း ဆောင်ရွက် သွားမယ်လို့ သူက ပြောပါတယ်။

အစ္စရေးတွေ လမ်းပေါ် တိုက်ခိုက် ခံနေရတာနဲ့ ပတ်သက်ပြီး ပါလက်စတိုင်း ခေါင်းဆောင်တွေကို အစ္စရေးက အပြစ်ဖို့ စွပ်စွဲ ထားပါတယ်။

ဒါပမယ့် ပါလက်စတိုင်း ဘက်ကတော့ အဲဒီ တိုက်ခိုက်မှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းက အစ္စရေးတွေရဲ့ ဝင်ရောက် သိမ်းပိုက် ထားမှုကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ