ဆီး​ရီး​ယား​စစ်​နဲ့ ပတ်သက်​ပြီး ပူ​တင် ကာ​ကွယ်​ပြော

  • 22 အောက်တိုဘာ 2015
_russia_fighter_jet_syria_ ဓာတ်ပုံ မူပိုင် Russian Defense Ministry
Image caption ဆီရီးယား နိုင်ငံထဲ ငြိမ်းချမ်းရေး ပြန်လည် ထူထောင် နိုင်ဖို့သာ ရုရှားက ရည်ရွယ် ပြုမူနေတာ ဖြစ်တယ်လို့ သမ္မတပူတင်ပြော။

အနောက်နိုင်ငံ တွေ ဟာ ဆီးရီးယား နိုင်ငံ ပြည်တွင်းစစ် မှာ အကြမ်းဖက် သမားတွေ ကို တိုက်ခိုက် နေတယ် လို့ ကြွေးကြော်ရင်းသား တစ်ဖက် ကလည်း ကိုယ်ကျိုးစီးပွား အတွက် ပြုမူ နေကြတာ မျိုး ဖြစ်တယ်လို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် က စွပ်စွဲ ပြောဆိုလိုက် ပါတယ်။

ဒါပေမယ့် ဆီးရီး နိုင်ငံထဲ မှာ ရုရှား ကနေ သီတင်း၃ ပတ်ကြာ ပြုလုပ် နေတဲ့ လေကြောင်း တိုက်ခိုက် မှု တွေ နဲ့ ပတ်သက်ပြီး လို့တော့ သမ္မတ ပူတင် က ကာကွယ် ပြောဆို ခဲ့တာ မှာ ဆီရီးယား နိုင်ငံထဲ ငြိမ်းချမ်းရေး ပြန်လည် ထူထောင် နိုင်ဖို့သာ ရုရှားက ရည်ရွယ် ပြုမူနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၄ နှစ် တာ ကြာရှည် နေပြီ ဖြစ်တဲ့ ဆီရီးယား ပြည်တွင်းစစ်မှာ သမ္မတ ဘရှား အယ်လ် အာဆတ် အနေနဲ့ နိုင်ငံရေး အရ အဖြေရှာ လာမယ့် အခြေ အနေ တွေ ဖန်တီး လာဖို့ ရုရှားရဲ့ စစ်ရေး ဆောင်ရွက် ချက် တွေ က ကူညီ ပေး နိုင်လိမ့်မယ် ဆိုပြီး တော့လည်း မစ္စတာ ပူတင် က ရုရှား နိုင်ငံ ဆော့ထ်ချီ မြို့ မှာ ပြုလုပ် တဲ့ နိုင်ငံတကာ ဆွေးနွေးပွဲ မှာ ပြောခဲ့ ပါတယ်။

ဆီးရီးယား သူပုန် အုပ်စု တွေ နဲ့ ပတ်သက် ပြီးတော့လည်း မစ္စတာ ပူတင် က အကြမ်းဖက် သမားတွေ လို့ သုံးစွဲခဲ့ပြီး အကြမ်းဖက် သမားတွေ ကို ဘယ် အဖွဲ့က အစွန်းရောက် တယ် ၊ ဘယ်အဖွဲ့ က အစွန်း မရောက် ဘူး ဆိုပြီး တော့ မပိုင်းခြား သင့်ဘူး လို့လည်း မစ္စတာ ပူတင် က ပြော ပါတယ်။

ရုရှား ဟာ ဆီးရီးယား သမ္မတ အာဆတ်ကို ဆန့်ကျင် နေကြတဲ့ အစွန်းမရောက်တဲ့ အုပ်စုတွေ ပေါ် ပစ်မှတ် ထား တိုက်ခိုက် နေတယ် လို့ အမေရိကန် က ဝေဖန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ