အီ​ရတ်​နိုင်ငံ​ထဲ အမေ​ရိ​ကန် ကွန်​မန်​ဒို စစ်ဆင်​ရေးပြုလုပ်

  • 22 အောက်တိုဘာ 2015
_fortriley ဓာတ်ပုံ မူပိုင် AP
Image caption ဓားစာခံ တွေ ကို IS တွေက သတ်ဖြတ် ပစ်တော့မယ် ဆိုတဲ့ သတင်း တွေ ကြောင့် ဝင်ရောက် စီးနင်းတာလို့ အမေရိကန်ပြော။

အမေရိကန် စစ်တပ် နဲ့ ကာ့ဒ် မျိုးနွယ်စု လက်နက် ကိုင် တွေ စုပေါင်းထားတဲ့ ကွန်မန်ဒို တပ်ဖွဲ့ဟာ အီရတ် နိုင်ငံ မြောက်ပိုင်း ဟာဝီဂျာ အရပ် မှာ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ က ထိန်းချုပ် ထားတဲ့ အကျဉ်းထောင် တစ်ခုကို ဝင်ရောက် စီးနင်းပြီး IS တွေ ဖမ်းဆီး ထားတဲ့ ဓားစာခံ တွေ ကို ကယ်တင်ကယ်တယ် လို့ အမေရိကန် စစ်ဘက် က ပြောပါတယ်။

အီရတ် လုံခြုံရေး တပ်ဖွဲ့ဝင် အယောက် ၂၀ အပါအဝင် အကျဉ်းသား ၇၀ ဝန်းကျင် ကို ကယ်တင် နိုင်ခဲ့ ပြီး စီးနင်း တိုက်ခိုက်မှု အတွင်း IS အဖွဲ့ဝင် တချို့ သေဆုံး ခဲ့သလို တချို့ကို လည်း လက်ရ ဖမ်းဆီး နိုင်ခဲ့ ပါတယ်။

ကွန်မန်ဒို အဖွဲ့ထဲက တော့ အမေရိကန် စစ်သား တစ်ဦး သေဆုံးပြီး ကာ့ဒ် ၄ ဦး ဒဏ်ရာ ရ သွားပါတယ်။

ဓားစာခံ တွေ ကို IS တွေက သတ်ဖြတ် ပစ်တော့မယ် ဆိုတဲ့ ထောက်လှမ်းရေး သတင်း တွေ ကြောင့် အခုလို ဝင်ရောက် စီးနင်းရတာ ဖြစ်တယ် လို့ အမေရိကန် စစ်ဌာနချုပ် ပဲန်တဂန် ရဲ့ ပြောခွင့်ရ ပီတာကွတ်ခ် က ဆိုပါတယ်။

ကာ့ဒ် လက်နက်ကိုင် တွေ ရဲ့ တောင်းဆိုမှု အရ အမေရိကန် အနေနဲ့ အခု စစ်ဆင်ရေး မှာ ပူးပေါင်း ကူညီ ခဲ့တာ ဖြစ်ပြီး အမေရိကန် တို့ရဲ့ IS အပေါ် ကိုင်တွယ် နေတဲ့ နည်းဗျုဟာ ပြောင်းလဲ လာတာ မဟုတ် ဘူးလို့လည်း ပီတာကွတ်ခ် က ပြောပါတယ်။

IS အဖွဲ့ကို အမေရိကန်က ပြီးခဲ့တဲ့ နှစ် က စလို့ တိုက်ခိုက် လာတာမှာ အခု အမေရိကန် စစ်သား တစ်ယောက် ပထမဆုံး စတင် အကျအဆုံး ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ