ပြင်းထန်တဲ့ ဟာရီကိန်းအတွက် မက္ကဆီကို ပြင်ဆင်

  • 23 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption မက္ကဆီကို ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေ။

ကမ္ဘာ့ အနောက်ခြမ်းမှာ အင်အားအပြင်းဆုံး စံချိန်တင်မယ့် ဟာရီကိန်း မုန်တိုင်းကြီး တစ်ခုဟာ မက္ကဆီကို နိုင်ငံ အနောက်တောင်ပိုင်းကို ဦးတည် ဝင်ရောက်မှာ ဖြစ်တဲ့အတွက် မက္ကဆီကို အာဏာပိုင်တွေက ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ ပေးနေပါတယ်။

ပက်ထရစ်ရှာ လို့ခေါ်တဲ့ ဒီ ဟာရီကိန်း မုန်တိုင်းဟာ ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်မှာ လူ ၆၃၀၀ သေစေခဲ့တဲ့ ဟိုင်ယန် တိုင်ဖွန်း မုန်တိုင်းနဲ့ အင်အားချင်း ယှဉ်နိုင်လိမ့်မယ်လို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့ကြီးက ပြောပါတယ်။

မုန်တိုင်း လမ်းကြောင်းမှာ ရှိတဲ့ မက္ကဆီကို ပြည်နယ် ၃ ခုမှာ အရေးပေါ် အခြေအနေ ကြေညာ ထားပြီး စာသင်ကျောင်း တွေကိုလည်း ပိတ်ထား လိုက်ပါတယ်။

ပြင်းအား အတန်းအစား နံပါတ် ၄ ရှိတဲ့ ဒီမုန်းတိုင်းဟာ လေတိုက်နှုန်း တစ်နာရီ ၃၂၅ ကီလိုမီတာ (မိုင် ၂၀၀) နှုန်းနဲ့ မက္ကဆီကို ကုန်းမြေကို ဒီကနေ့ သောကြာနေ့ နှောင်းပိုင်းမှာ ဝင်ရောက်မှာ ဖြစ်ပါတယ်။

အမေရိကန် အမျိုးသား ဟာရီကိန်း စင်တာ ကတော့ ပက်ထရစ်ရှာ မုန်တိုင်းဟာ ပစ္စိဖိတ် သမုဒ္ဒရာ အရှေ့ပိုင်းနဲ့ အတ္တလန္တိတ် သမုဒ္ဒရာတို့ထဲ ပေါ်ပေါက်ခဲ့သမျှ မုန်တိုင်းတွေထဲမှာ အင်အား အကြီးဆုံး ဖြစ်ပြီး အဖျက် စွမ်းအားလည်း ကြီးနိုင်တယ်လို့ ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ