ကြောက်စရာကောင်းတဲ့ ဟာရီကိန်း ပက်ထရစ်ရှာ မက္ကဆီကိုထဲ ဝင်ပြီ

  • 24 အောက်တိုဘာ 2015
_hurricane_patricia
Image caption မုန်တိုင်း ဖြတ်သန်းသွားမယ့် လမ်းကြောင်း ပေါ်က ပြည်နယ် ၃ ခုမှာ အရေးပေါ် အခြေအနေ ကြေညာ ထား။

မက္ကဆီကို နိုင်ငံရဲ့ ပစိဖိတ် သမုဒ္ဒရာပိုင်း ကမ်းရိုးတန်း ကို အင်မတန် အင်အား ပြင်းထန် တဲ့ ဟာရီကိန်း မုန်တိုင်း ဝင်ရောက် လာပြီ ဖြစ်ပါတယ်။

ဒီ မုန်တိုင်းကြောင့် ထိခိုက် ပျက်စီးမှု တွေ ကြီးနိုင်တယ် လို့ မက္ကဆီကို အာဏာပိုင် တွေ က သတိ ပေးနေကြ ပါတယ်။

ပက်ထရစ်ရှား လို့ နာမည် ပေးထားတဲ့ အဲဒီ့ မုန်တိုင်း ဟာ မှတ်တမ်း တင်ဖူး သမျှ အင်အား အကြီးဆုံး ဟာရီကိန်း မုန်တိုင်းတွေထဲ တစ်ခု အပါအဝင် ဖြစ်ပါတယ်။

မုန်တိုင်းကြောင့် တစ်နာရီ ကို မိုင် ၁၉၀ နီးပါး အထိ လေပြင်း ကျရောက် ပြီး ကမ်းရိုးတန်း ဒေသ တွေ မှာ ပင်လယ်ရေ မြင့်တက် ရေလွှမ်းမှု တွေ ဖြစ်ပေါ် နိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။

ကမ်းရိုးတန်း ဒေသတချို့ က သူတွေ ကို မိမိတို့ရဲ့ နေအိမ်တွေ ကို စွန့်ခွာ ထွက်သွားကြဖို့ အာဏာပိုင် တွေ က သတ်ပေး ထားပြီး စာသင်ကျောင်းတွေ၊ လေဆိပ် တွေ လည်း ပိတ် ထားပါတယ်။

မုန်တိုင်း ဖြတ်သန်းသွားမယ့် လမ်းကြောင်း ပေါ်က ပြည်နယ် ၃ ခုမှာလည်း အရေးပေါ် အခြေအနေ ကြေညာ ထားပါတယ်။

ဒီ အချိန်မှာပဲ၊ ကမ္ဘာ့ ရာသီ ဥတု အပြောင်းအလဲ နဲ့ ပတ်သက်ပြီး ဂျာမနီနိုင်ငံ ဘွန်းမြို့မှာ ကုလသမဂ္ဂ အစည်းအဝေး တစ်ရပ် ကျင်းပ နေပါတယ်။

ကမ္ဘာ့ နိုင်ငံတွေ အနေနဲ့ ရာသီ ဥတု အပြောင်းအလဲ ပြဿနာ ကို ကိုင်တွယ်ရေး နဲ့ ပတ်သက်ပြီး သဘော တူညီချက် တစ်ရပ် ရလာဖို့ အချိန်တန်ပြီ ဆိုတာ ကို ဟာရီကိန်း ပက်ထရစ်ရှား ကျရောက် လာတဲ့ အဖြစ်အပျက် က ဖော်ပြ နေတယ် လို့ မက္ကဆီကို နိုင်ငံ ရဲ့ ကိုယ်စားလှယ် က အဲဒီ့ ကုလသအမဂ္ဂ အစည်းဝေးမှာ ပြောခဲ့ပါတယ်။