ဆီးရီးယား အရေး ရုရှား၊ အမေရိကန်၊ တူရကီ၊ ဆော်ဒီ ဆွေးနွေး

  • 23 အောက်တိုဘာ 2015
Image caption ဆီးရီးယား စစ်ပွဲ အဆုံးသတ်စေရေး နည်းလမ်းတွေ ရှာဖို့ လေးနိုင်ငံ ဆွေးနွေး

ဆီးရီးယားနိုင်ငံ စစ်ပွဲ အဆုံးသတ်သွားစေရေး နည်းလမ်းတွေ ရှာဖွေဖို့အတွက် သြစတြီးယားနိုင်ငံ ဗီယဲန်နာမြို့တော်မှာ အမေရိကန်၊ ရုရှား၊ တူရကီနဲ့ ဆော်ဒီ အာရေဗျနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဆီးရီးယား စစ်ပွဲ အဆုံးသတ်သွားစေရေးအတွက် နိုင်ငံရေး လုပ်ငန်းစဉ်တွေ စလုပ်ရေးကို ဆထက် တံပိုးတိုးပြီး ကြိုးပမ်းကြဖို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က တိုက်တွန်း ပြောသွားပါတယ်။

အမေရိကန်၊ တူရကီနဲ့ ဆော်ဒီ အာရေဗျနိုင်ငံတွေက ဆီးရီးယား သမ္မတ ဘရှား အယ်လ် အားဆာ့တ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြပြီး သမ္မတ အားဆာ့တ်အတွက် ရုရှားက စစ်ရေးအရ လတ်တလော ဝင်ရောက် ကူညီပေးနေတယ် ဆိုပြီး အကြီးအကျယ် ဝေဖန်ပြောဆိုနေကြပါတယ်။

ဒါပေမယ့် ရုရှားသမ္မတ ပူတင်ကတော့ အစ္စလာမစ် လက်နက်ကိုင်တွေကို အတူပူးပေါင်းဆန့်ကျင် တိုက်ဖို့ လိုကြောင်းကို အလေးအနက် ပြောခဲ့ပြီး ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆီးရီးယား အရေး တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာရေးကို အထောက်အကူ ဖြစ်လာစေနိုင်တယ်လို့ ပြောပါတယ်။