ဂျေရူဆလင်မ် ဘာသာရေး အထွဋ်အမြတ်နေရာ လုံခြုံရေး သဘောတူမှုရလာ

  • 24 အောက်တိုဘာ 2015
_al-aqsa_mosque_
Image caption ဂျေရူဆလာမ် မြို့တော် အယ်လ်-လပ်စ်စာ ပလီ ဝတ်ကျောင်းတော် ပရိဝုဏ် တဝိုက် ဖြစ်ပေါ်နေတဲ့ တင်းမာမှု တွေ လျှော့ချ နိုင်ဖို့ ရည်ရွယ်။

ဂျေရူဆလာမ် မြို့တော် အယ်လ်-လပ်စ်စာ ပလီ ဝတ်ကျောင်းတော် ပရိဝုဏ် တဝိုက် ဖြစ်ပေါ်နေတဲ့ တင်းမာမှု တွေ လျှော့ချ နိုင်ဖို့ ရည်ရွယ်တဲ့ အစီအမံ တွေ နဲ့ ပတ်သက်လို့ အစ္စရေး နဲ့ ဂျော်ဒန် အကြား သဘောတူညီမှု ရခဲ့တယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောပါတယ်။

အဲဒီ့ တင်းမာမှု တွေ ဖြစ်ပေါ် နေတဲ့ နေရာဟာ ဂျူးဘာသာဝင် တွေ အတွက်လည်း the Temple Mount ဆိုပြီး ဘာသာရေး အရ အလေးအမြတ်ထားတဲ့ နေရာ ဖြစ်ပါတယ်။

အဲဒီ့ နေရာ မှာ တင်းမာမှု တွေ ဖြစ်ပေါ် တဲ့ အတွက် တခြား နေရာ တွေမှာလည်း ဂျူး နဲ့ ပါလက်စတိုင်း အကြား အကြမ်းဖက် ဖြစ်ရပ် တွေ တိုးတက် ဖြစ်ပေါ် လာနေတာ ပါ။

အယ်လ်-လပ်စ်စာ ပရိဝုဏ် ကို စောင့်ရှောက် ထိန်းသိမ်းခွင့် ရရှိ ထားတဲ့ ဂျော်ဒန် နိုင်ငံက အစ္စရေး တို့ရဲ့ တောင်းဆို ထားတဲ့ ဝတ်ပြု ကိုးကွယ်ခွင့် ဆိုင်ရာ လက်ရှိ စည်းမျဉ်း တွေ ကို ဆက်လက် သက်တမ်း တိုး ပေးဖို့ သဘောတူ ခဲ့သလို လုံခြုံရေး အခြေအနေ တိုးမြှင့် နိုင်ဖို့ ကိုလည်း စကား ပြောဆိုမှု တွေ ဆက်လက် လုပ်ဆောင် မယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ