ရိုမန်ကက်သလစ် ဦးဆောင် ဘုန်းတော်ကြီးတွေရဲ့ အစည်းအဝေးပြီးစီး

  • 24 အောက်တိုဘာ 2015
_pope ဓာတ်ပုံ မူပိုင် AFP
Image caption ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရဲ့ ပြောဆိုချက် တွေ အရ ရှေးရိုးစွဲ ဘုန်းတော်ကြီး တွေ အပေါ် ဝေဖန် လိုပုံ ရှိနေ။

ရိုမန် ကက်သလစ် ခရစ်ယာန် ဘာသာရဲ့ ဦးဆောင် ဘုန်းတော်ကြီး တွေ ဟာ ဗာတီကန် နန်းတော် မှာ သီတင်း ၃ ပတ်ကြာ စည်းဝေး ခဲ့ ကြပြီးတဲ့ နောက် အယူအဆ အမျိုးမျိုး ကွဲလွဲ နေတဲ့ ကိစ္စချင်းရာ တွေ နဲ့ ပတ်သက်လို့ အလျှော့အတင်း ပြုလုပ် နိုင်ခဲ့ ကြပြီး အဆုံးသတ် ထုတ်ပြန်ချက် တစ်စောင် ထွက်ပေါ် လာခဲ့ ပါတယ်။

လင်မယား ကွာရှင်းထား သူတွေ ကို ရိုမန် ကက်သလစ် ကျောင်းတော် ဘာသာဝင် အဖြစ် ဆက်လက် အသိအမှတ် ပြုသင့် သလား ဆိုတဲ့ အပေါ် ကာယကံရှင် တစ်ဦးချင်းစီရဲ့ အခြေအနေ အကြောင်းခံ ကို မူတည်ပြီး ဆုံးဖြတ် သွားဖို့ အဲဒီ့ အစီရင်ခံစာ မှာ တိုက်တွန်း ထား ပါတယ်။

ဒါပေမယ့် လိင်တူ လက်ထပ်မှု ကိုတော့ ကျောင်းတော် အနေနဲ့ လက်မခံ ဘူး ဆိုပြီး ထပ်လောင်း အတည်ပြုထား ပါတယ်။

ဦးဆောင် ဘုန်းတော်ကြီး တွေ ရဲ့ ကောင်စီ အစည်း အဝေး အပြီး ထွက်ပေါ် လာတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရဲ့ ပြောဆိုချက် တွေ အရ ရှေးရိုးစွဲ ဘုန်းတော်ကြီး တွေ အပေါ် ဝေဖန် လိုပုံ ရှိနေပါတယ်။

ပိတ်ထားတဲ့ နှလုံးသား ရှိသူတွေ ကို တွေ့ခဲ့ရတယ် လို့ ပုပ် ရဟန်းမင်းကြီး က ပြောခဲ့သလို အငြင်းပွားဖွယ် ကိစ္စမျိုးတွေ ကို မသိဟန်ဆောင် ရှောင်ဖယ် မနေပဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကြဖို့လည်း တိုက်တွန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ