ရုရှ အကူအညီပေးမှု ဆီးရီးယား လွတ်မြောက်ရေးတပ် လက်မခံ

  • 25 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား လွတ်မြောက်ရေး တပ်ဖွဲ့က ရုရှ အကူအညီ ကို ငြင်းဆန်

ဆီးရီးယား လွတ်မြောက်ရေး တပ်တွေ အနေနဲ့ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ လို အကြမ်းဖက် အဖွဲ့အစည်းတွေကို တိုက်နေသမျှ ရုရှက စစ်ရေး အကူအညီ ပေးဖို့ ပြင်ဆင်ထားတယ်လို့ ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လဗ်ရော့ က ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား လွတ်မြောက်ရေး တပ် ရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက သူတို့ အနေနဲ့ ရုရှ ရဲ့ အကူအညီ မလိုကြောင်းနဲ့ ရုရှ ကို မယုံကြည်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဆီးရီးယား လွတ်မြောက်ရေး တပ် အနေနဲ့ တိုက်ခိုက်မှုတွေ ဆက်လုပ်သွား မှာ ဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံသားတွေကို သတ်ဖြတ် နေတဲ့ အာဏာရှင်ကို ဆန့်ကျင် နေတာ ဖြစ်ပြီး ဆီးရီးယား ပြည်သူ တွေ အနေနဲ့ သမ္မတ အာဆတ်ကို အလိုမရှိကြောင်း ပြောကြား ခဲ့ပါတယ်။

တဆက်တည်းမှာပဲ အမေရိကန်နဲ့ ဆော်ဒီ အာရေးဗီးယား နိုင်ငံ တို့က ဆီးရီးယား သမ္မတ အာဆတ်ကို ဆန့်ကျင် တဲ့ ဆီးရီးယား လွတ်မြောက်ရေး တပ် တွေကို အကူအညီ ပေးဖို့ သဘောတူညီခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ