ကနေဒါမှာ စက်လှေနစ်၊ ဗြိတိန်သား ၅ ဦး သေဆုံး

  • 26 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Albert TitianFacebook
Image caption ကမ်းရိုးတန်းနဲ့ ခပ်လှမ်းလှမ်းမှာ နစ်မြုပ်ခဲ့တယ်လို့ ဆို။

ကနေဒါ နိုင်ငံ အနောက်ပိုင်း ကမ်းလွန် ပင်လယ်ပြင်မှာ ဝေလငါး လိုက်ကြည့်တဲ့ စက်လှေတစ်စီး နစ်မြုပ် ခဲ့တဲ့အတွက် ဗြိတိန် နိုင်ငံသား ၅ ယောက် သေဆုံး ခဲ့တယ်လို့ ယူကေ နိုင်ငံခြားရေး ဝန်ကြီး ဖိလစ် ဟာမန်းဒ်က ပြောပါတယ်။

လူ ၂၇ ဦး လိုက်ပါလာတဲ့ စက်လှေဟာ နိုင်ငံခြားသား ခရီးသည်တွေ စိတ်ဝင်စားတဲ့ ဗန်ကူးဗား ကျွန်းရဲ့ တူဖီနို ဒေသ အနီး ကမ်းလွန်မှာ နစ်မြုပ် ခဲ့တာ ဖြစ်ပါတယ်။

လူ ၂၁ ဦးကို ကယ်တင် နိုင်ခဲ့ပြီး ကျန် ၁ ဦးကတော့ ပျောက်ဆုံး နေဆဲ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

စက်လှေ နစ်မြုပ်ချိန်က ရာသီဥတု တည်ငြိမ် နေခဲ့ပြီး၊ နစ်မြုပ်ရတဲ့ အကြောင်းရင်းကို သိရဖို့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင် နေဆဲ ဖြစ်ပါတယ်။

တူဖီနို ဒေသ အနောက်ဘက် ၈ မိုင်အကွာ ကမ်းလွန် ပင်လယ်ထဲမှာ မနစ်မြုပ်ခင် အဲဒီ စက်လှေက ကယ်ဆယ်ရေး အကူအညီ တောင်းခံမှု ပြုလုပ် ခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ