အာဖဂန်နဲ့ ပါကစ္စတန် ငလျင်ကယ်ဆယ်ရေး တိုးမြှင့်

  • 27 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ပက်ရှ်ဝါမြို့မှာ ပါကစ္စတန် စစ်သားတွေ ကယ်ဆယ်ရေး ပစ္စည်းတွေ တင်ဆောင်စဉ်။

ပြင်းအား ၇.၅ ရှိတဲ့ ငလျင်တစ်ခု တနင်္လာနေ့က လှုပ်ခတ် ခဲ့ပြီးနောက် ငလျင်ဒဏ် ခံခဲ့ရတဲ့ အာဖဂန် နစ္စတန်နဲ့ ပါကစ္စတန် နိုင်ငံတွေရဲ့ အစွန်အဖျား ဒေသတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို တိုးမြှင့် ဆောင်ရွက် နေပါတယ်။

ငလျင် ဒဏ်ကြောင့် လူ ၃ ရာကျော် သေဆုံးတယ်လို့ အတည်ပြုနိုင်ပြီး၊ သေဆုံးသူတွေ အနက် ပါကစ္စတန်ဘက်က အများဆုံး ဖြစ်ကာ၊ အနည်းဆုံး လူ ၂ ထောင် ဒဏ်ရာ ရခဲ့ပါတယ်။

ပျက်စီး ဆုံးရှုံးမှု အတိုင်းအတာ မသိရသေးတဲ့ တောင်ထူထပ်တဲ့ ဒေသတွေကိုလည်း ကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ် ထားပါတယ်။

ငလျင်ဒဏ် ခံရတဲ့ နေရာ တချို့ကို ထိန်းချုပ်ထားတဲ့ တာလီဘန်တွေကလည်း ကယ်ဆယ်ရေး ပစ္စည်းတွေ ထောက်ပံ့ပေးကြဖို့ ကယ်ဆယ်ရေး အဖွဲ့တွေကို တောင်းဆို ခဲ့ပါတယ်။

တာလီဘန် တိုက်ခိုက်ရေး သမားတွေကိုလည်း ငလျင်ဒဏ် ခံရသူတွေကို ကူညီဖို့ အမိန့်ပေး ထားတယ်လို့ တာလီဘန် ပြောခွင့်ရသူ တစ်ဦးက ပြောပါတယ်။

သီးခြား ဖြစ်ရပ် အနေနဲ့ ပါကစ္စတန် ဘက်က ကာရာကိုရမ် တောင်တန်းမှာ ရှိတဲ့ ရေခဲတောင် ၂ခု ငလျင်ဒဏ်ကြောင့် ပေါက်ထွက်ခဲ့ပြီး တခြား ရေခဲတောင် အချို့ ကွဲအက် ခဲ့တဲ့ အတွက် ရုတ်တရက် ရေလွှမ်းမိုးမယ့် အန္တရာယ်အတွက် စိုးရိမ်မှုတွေ ပေါ်ပေါက်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ