လူသတ်ဖို့အတွက် ပါလ်မိုင်ယာ တိုင်လုံးတွေကို IS ဖောက်ခွဲ

ဓာတ်ပုံ မူပိုင် AP
Image caption ပါလ်မိုင်ရာ မြို့ဟောင်း ဖျက်ဆီးမှုကို စစ်ရာဇဝတ်မှု အဖြစ် ယူနက်စကို ရှုံ့ချ။

ဆီးရီးယား နိုင်ငံရဲ့ သမိုင်းဝင် မြို့ဟောင်း ပါလ်မိုင်ယာကို သိမ်းပိုက်ထားတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေက သူတို့ ဖမ်းဆီးထားတဲ့ လူ ၃ ယောက်ကို မြို့ဟောင်းမှာ ရှိတဲ့ တိုင်လုံးကြီးတွေမှာ ချည်နှောင်ပြီး ဖောက်ခွဲ သတ်ဖြတ် ခဲ့ကြတယ်လို့ အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

တနင်္ဂနွေက သတ်ဖြတ် ခံခဲ့ကြရတဲ့ အဲဒီ လူ ၃ ဦးဟာ ဘယ်သူ ဘယ်ဝါတွေ ဖြစ်တယ် ဆိုတာကိုတော့ မသိရ သေးပါဘူး။

ဒါပေမယ့် အခုလို တိုင်လုံးတွေမှာ ချည်နှောင်ပြီး ဖောက်ခွဲတဲ့ ပုံစံနဲ့ အသတ်ခံရ တာကတော့ ပါလ်မိုင်ယာ မြို့ဟောင်းကို IS တွေ သိမ်းပိုက်ခဲ့တဲ့ မေလ နောက်ပိုင်းမှာ သူတို့ ၃ ဦးက ပထမဆုံး ဖြစ်လိမ့်မယ်လို့ ယူဆ ရပါတယ်။

ကမ္ဘာ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်၊ နှစ် ၂ ထောင် သက်တမ်းရှိတဲ့ အဲဒီ ပါလ်မိုင်ယာ မြို့ဟောင်းက အထင်ကရ နေရာတွေ ဖြစ်တဲ့ မီးသင်္ဂြိုဟ်တဲ့ မျှော်စင်တွေနဲ့ အမိုးခုံး ၁ ခုကိုလည်း IS တွေက ဖျက်ဆီး ခဲ့ကြပြီး ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ယူနက်စကို အဖွဲ့ကတော့ မြို့ဟောင်း အဆောက်အအုံတွေ ဖျက်ဆီးမှုကို စစ်ရာဇဝတ်မှု အဖြစ် ရှုံ့ချ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ