ဆီးရီးယားအရေး ဆွေးနွေးပွဲ အီရန် တက်မယ်

  • 28 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption အီရန် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရစ်နဲ့ သူ့ လက်ထောက် ၃ ယောက် တက်ရောက်မယ်လို့ အီရန် ပြော။

ဆီးရီးယား ပဋိပက္ခအတွက် နိုင်ငံရေးအရ အဖြေရှာဖို့ ဗီယင်နာ မြို့မှာ အခု သီတင်းပတ် အတွင်း ပြုလုပ်မယ့် မျက်နှာစုံညီ ဆွေးနွေးပွဲကို အီရန် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရစ် တက်ရောက် မယ်လို့ အီရန် အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

ဆီးရီးယား သမ္မတ ဘာရှာ အာဆတ်ရဲ့ မဟာမိတ် ဖြစ်တဲ့ အီရန် အဖို့ အမေရိကန် ပါဝင်မယ့် ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်တာ ဒါ ပထမဆုံး ဖြစ်လာမှာပါ။

ရုရှား၊ ဆော်ဒီအာရေဗျနဲ့ တူရကီ တို့လည်း ဒီဆွေးနွေးပွဲကို တက်ရောက် ကြမှာပါ။

ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ အီရန်ကို ဖိတ်ကြားခဲ့တယ်လို့ အမေရိကန်က အစောပိုင်းက ပြောခဲ့ပါတယ်။ အဲဒီလို ဖိတ်ကြားတာကို အနောက် နိုင်ငံတွေ ထောက်ပံ့ထားတဲ့ ဆီးရီးယား အတိုက်အခံတွေက မေးခွန်း ထုတ်ခဲ့ကြပါတယ်။

အဓိက ဆွေးနွေးပွဲကို သောကြာနေ့မှာ ပြုလုပ်မယ်လို့ မျှော်လင့် ရပေမယ့် ကြာသပတေးနေ့ ညနေပိုင်းမှာ အကြို ဆွေးနွေးပွဲ အချို့ ပြုလုပ်ဖွယ် ရှိတယ်လို့ သံတမန်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ