အရှုပ်တော်ပုံကြောင့် ဗောက်စ်ဝက်ဂွန် လေးလပတ် အရှုံးပြ

  • 28 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AFP

ဂျာမန် ကားကုမ္ပဏီကြီး ဗောက်စ်ဝက်ဂွန်က သူ့ရဲ့ အိတ်ဇောငွေ့ အရှုပ်တော်ပုံကို ဖြေရှင်းဖို့ ငွေကြေး အမြောက်အများ ဖယ်ထား ခဲ့ပြီးနောက် ၁၅ နှစ်အတွင်း ပထမဆုံး အဖြစ် ၄ လပတ် အတွက် ငွေကြေး အရှုံးပြမှုနဲ့ ကြုံတွေ့ ခဲ့ရတယ်လို့ ထုတ်ပြန် လိုက်ပါတယ်။

အိတ်ဇောငွေ့ ထုတ်လွှတ်မှု စစ်ဆေးချက်တွေကို လှည့်ဖျားစေတဲ့ ဆော့ဖ်ဝဲ ထည့်သွင်းထားတဲ့ ဗောက်စ်ဝက်ဂွန် ကားစင်းရေ ကမ္ဘာအနှံ့မှာ ၁၁ သန်း ရှိတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလက ဗောက်စ်ဝက်ဂွန်က ဝန်ခံ ခဲ့ပါတယ်။

အိတ်ဇောငွေ့ အရှုပ်တော်ပုံကို ဖြေရှင်းဖို့ အတွက် ယူရိုငွေ ၆.၇ ဘီလျံကို သီးသန့် ဖယ်ထား ခဲ့တယ်လို့ ဗောက်စ်ဝက်ဂွန်က ပြောခဲ့ပါတယ်။

အဲဒီ အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပေမယ့် ဗောက်စ်ဝက်ဂွန် ကတော့ သူ့ကားတွေ ဒီနှစ်မှာ ရောင်းအား တိုးလာမယ်လို့ မျှော်လင့် ထားပါတယ်။

ဒါပေမယ့် တစ်နှစ်လုံး အတွက် အကျိုးအမြတ် ကတော့ သိသိသာသာ ကျဆင်း သွားမယ်လို့ မျှော်လင့်ထားကြောင်း ဗောက်စ်ဝက်ဂွန်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ