ကလေးတစ်ဦး မူဝါဒကို တရုတ် ပယ်ဖျက်မယ်

  • 29 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption တစ်အိမ်ထောင် ကလေးတစ်ဦး ပေါ်လစီကို လွန်ခဲ့တဲ့ ၂ နှစ်က စပြီး တရုတ်ရဲ့ တချို့ပြည်နယ်တွေမှာ ဖြေလျှော့ ပေးလာခဲ့။

တရုတ် နိုင်ငံမှာ ဆယ်စုနှစ် များစွာ ကျင့်သုံး လာခဲ့တဲ့ တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒကို ပယ်ဖျက်ဖို့ ဆုံးဖြတ် လိုက်ပြီလို့ ရှင်ဟွာ သတင်းဌာနက ကြေညာ လိုက်ပါတယ်။

ဇနီးမောင်နှံ အားလုံးကို ကလေး ၂ ယောက် အထိ ယူခွင့် ပြုတော့မှာ ဖြစ်တယ်လို့ ကွန်မြူနစ် ပါတီရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး တရုတ်ပိုင် သတင်းဌာနက ဖော်ပြ ပါတယ်။

အဲဒီ ကလေးတစ်ဦး မူဝါဒကို ၁၉၇၉ ခုနှစ် ကတည်းက တရုတ် နိုင်ငံရဲ့ လူဦးရေကို ထိန်းချုပ်ဖို့ ကျင့်သုံး လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ် နိုင်ငံမှာ သက်ကြီးရွယ်အိုတွေ များလာပြီး လုပ်အားသစ်တွေ ရှားပါး လာမှုအပေါ် စိုးရိမ် လာခဲ့ကြရာက လွန်ခဲ့တဲ့ ၂ နှစ်လောက် ကတည်းက တချို့ ပြည်နယ်တွေမှာ အဲဒီ မူဝါဒကို စတင် ဖြေလျှော့ ပေးလာ ခဲ့ပါတယ်။

အဲဒီ တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒက ဟန့်တားခဲ့တဲ့ မွေးဖွားမယ့် ကလေး ဦးရေက သန်း ၄၀၀ လောက် ရှိတယ်လို့ ခန့်မှန်းကြ ပါတယ်။

တရုတ် နိုင်ငံမှာ လက်ရှိ လူဦးရေရဲ့ ၃၀ ရာနှုန်းလောက်က အသက် ၅၀ ကျော် အရွယ်တွေ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ