ရွှေ့ပြောင်းသူ ၂၂ ဦး ဂရိ ကမ်းလွန်မှာ ရေနစ် သေဆုံး

  • 30 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption တူရကီကနေ ဂရိဘက်ကို အန္တရာယ် ကြီးတဲ့ အနေအထားနဲ့ ဖြတ်ကူးနေကြ။

တူရကီ ဘက်ကနေ ဂရိ နိုင်ငံဘက်ကို ဖြတ်ကူးဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းသူတွေရဲ့ လှေတစ်စီး အစ်ဂျီယံ ပင်လယ်ထဲမှာ နစ်မြုပ် ခဲ့တဲ့အတွက် ကလေးငယ် အများစု အပါအဝင် အနည်းဆုံး လူ ၂၂ ဦး သေဆုံး ခဲ့ပါတယ်။

ဂရိ ဝန်ကြီးချုပ် အလက်ဆီ ဆီးပရပ်စ်က ရွှေ့ပြောင်းသူတွေ အပေါ် အီးယူရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုအတွက် အရှက် ရမိတယ်လို့ ပြောပါတယ်။

အသက်ရှင် ကျန်ရစ်သူတွေကို ဂရိ ကမ်းခြေစောင့် တပ်ဖွဲ့က ရှာဖွေ နေဆဲ ဖြစ်ပါတယ်။

အစ်ဂျီယံ ပင်လယ်ထဲမှာ ရာသီဥတု ဆိုးရွားလာတဲ့အတွက် ၃ ရက်အတွင်းမှာ ရွှေ့ပြောင်းသူတွေရဲ့ လှေ ၈ စီး နစ်မြုပ် ခဲ့ပါတယ်။

တစ်ချိန်တည်းမှာ စပိန် နိုင်ငံ တောင်ပိုင်းမှာလည်း မော်ရိုကိုကနေ ဖြတ်ကူးလာတဲ့ လှေတစ်စီး နစ်မြုပ် ခဲ့လို့ ပျောက်ဆုံး နေတဲ့ ရွှေ့ပြောင်းသူ ၃၅ ယောက်ကို ရှာဖွေ နေကြပါတယ်။ ခုချိအထိ ၄ ယောက်ရဲ့ အလောင်းတွေကို တွေ့ရှိပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ