ဆီးရီးယားအရေး မျက်နှာစုံညီ ဆွေးနွေးပွဲ စတင်

  • 30 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား အစိုးရရဲ့ သောကြာနေ့ ဗုံးကြဲမှုကြောင့် သူပုန်ထိန်းချုပ်ရာ ဒေသမှာ လူ ၄၀ ကျော် သေဆုံး။

ဆီးရီးယား ပြည်တွင်းစစ်မှာ တိုက်ခိုက်နေတဲ့ အစိုးရနဲ့ သူပုန်တွေ၊ နှစ်ဖက်စလုံးကို ထောက်ပံ့တဲ့ ပြည်ပ နိုင်ငံတွေ အားလုံး ပါဝင်တဲ့ ပထမဆုံး မျက်နှာစုံညီ အစည်းအဝေးကို ဗီယင်နာ မြို့မှာ စတင် လိုက်ပါတယ်။

ဆီးရီးယား အစိုးရရဲ့ အဓိက မဟာမိတ်တွေ ဖြစ်တဲ့ ရုရှား၊ အီရန် တို့နဲ့ ဆီးရီးယား သူပုန်တွေကို ထောက်ခံတဲ့ အမေရိကန်၊ မဟာမိတ်တွေ အကြား ကွာဟချက် တွေကို ဒီအစည်းအဝေးက ညှိနှိုင်း အဖြေရှာမှာ ဖြစ်ပါတယ်။

အခု ဆွေးနွေးပွဲမှာ အီရန် ပါဝင် လာတာဟာ သံတမန်နည်း အရ ဆွေးနွေးမှုတွေမှာ ပထမဆုံး ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဒမာ့စကတ် မြို့အနီးမှာ ဆီးရီးယား အစိုးရရဲ့ ဗုံးကြဲ တိုက်ခိုက်မှု တစ်ခုကြောင့် အနည်းဆုံး လူ ၄၀ သေဆုံး ခဲ့တယ်လို့ ဆီးရီးယားမှာ ရှိတဲ့ အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဆီးရီးယား သမ္မတ ဘာရှာ အာဆတ်ကို ဆန့်ကျင် ရာကနေ ပေါ်ပေါက်ခဲ့တဲ့ ၄ နှစ်ကြာ ဆီးရီးယား စစ်ပွဲ အတွင်းမှာ လူ ၂ သိန်းခွဲလောက် သေဆုံးခဲ့ရပြီး၊ ဆီးရီးယား လူဦးရေရဲ့ ထက်ဝက်ခန့် ဖြစ်တဲ့ လူ ၁၁ သန်းလောက် ဟာလည်း နိုင်ငံကို စွန့်ခွာ ထွက်ပြေး ခဲ့ကြရပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ