ရုရှားလေယာဉ်ပျက်ရဲ့ Black Box ကို တွေ့ထားပြီ

  • 31 အောက်တိုဘာ 2015
egypt_plane_russia ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှား လေယာဉ် ပျက်ကျ ခဲ့တဲ့ အတွက် လူ ၂၂၀ ကျော် သေဆုံး ခဲ့ရ။

အီဂျစ် နိုင်ငံ ဆိုင်းနိုင်း ကျွန်းဆွယ် မှာ ပျက်ကျခဲ့တဲ့ ရုရှား လေယာဉ် ရဲ့ Black Box လို့ ခေါ်တဲ့ လေယာဉ် ပျံသန်းမှု အချက်အလက် တွေကို မှတ်တမ်း တင်ထားတဲ့ သေတ္တာ ကို ရှာဖွ တွေ့ရှိ ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် စုံစမ်းရေး သမားတွေ အနေနဲ့ လေယာဉ် ပျက်ကျ ခဲ့ရတဲ့ အကြောင်းအရင်း ကို မြန်မြန် ဖော်ထုတ် လာနိုင်ဖို့ မျှော်လင့်ချက် တွေလည်း မြင့်တက် လာရပါတယ်။

အဲဒီ့ လေယာဉ် ကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က လေယာဉ် ကို သူတို့ ပစ်ချ လိုက်တာ ဆိုပြီး ကြေညာ ထားပါတယ်။

ဒါပေမယ့် အီဂျစ် ဝန်ကြီးချုပ် ရှရစ်ဖ် အစ္စမေးလ် ကတော့ IS တွေရဲ့ ပြောဆိုမှုကို ငြင်းပယ် လိုက်ပြီး အခု အချိန် အထိ နည်းပညာပိုင်း ဆိုင်ရာ ချို့ယွင်းမှု တွေ ကြောင့် ပျက်ကျ ခဲ့တယ် လို့ပဲ ယူဆ ထားတယ်လို့ ဆိုပါတယ်။

အဲဒီ့ ရုရှား လေယာဉ် ပျက်ကျ ခဲ့တဲ့ အတွက် လူ ၂၂၀ ကျော် သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ