ကလေးတစ်ဦး မူဝါဒ မတ်လအထိ ရှိနေမယ်လို့ တရုတ်ပြော

  • 2 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ကလေး ၂ ဦး ယူနိုင်မယ့် ပေါ်လစီအသစ်မှာ အကျုံးဝင်မယ့် စုံတွဲပေါင်း သန်း ၉၀ လောက် ရှိမယ်လို့ ခန့်မှန်း။

တရုတ် နိုင်ငံမှာ တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒကို ဖြေလျှော့ပေးမယ့် ဥပဒေတွေ ပြောင်းလဲချိန် မတ်လ အထိ တရုတ် ဇနီးမောင်နှံတွေ အနေနဲ့ အဲဒီ မူဝါဒကို လိုက်နာရဦးမှာ ဖြစ်တယ်လို့ မိသားစု စီမံကိန်း ဆိုင်ရာ အဖွဲ့က သတိပေး လိုက်ပါတယ်။

တရုတ် ဇနီးမောင်နှံတွေ အနေနဲ့ ကလေး ၂ ယောက် အထိ ယူနိုင်ဖို့ ဥပဒေတွေကို ဖြေလျှော့ ပေးသွားမယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က တရုတ် အစိုးရက ကြေညာ ခဲ့ပါတယ်။

သက်ကြီးပိုင်းတွေ တိုးပွားလာတဲ့ တရုတ် အနေနဲ့ စီးပွားရေးကို ထောက်ပံ့ နိုင်ဖို့အတွက် အဲဒီလို ကလေးတစ်ဦး မူဝါဒကို ဖြေလျှော့ဖို့ ဆုံးဖြတ် ခဲ့တာလို့ အဲဒီ ကြေညာချက်က ပြောခဲ့ပါတယ်။

ဒါပေမယ့် ဥပဒေ ပြောင်းလဲပြီးချိန် အထိတော့ အဲဒီ မူဝါဒက သက်ရောက် နေဦးမှာ ဖြစ်တယ်လို့ အရာရှိတွေက အလေးအနက် ပြောလိုက်ပါတယ်။

အငြင်းပွားဖွယ် အဲဒီ မူဝါဒကို တရုတ်မှာ ၁၉၇၉ ခုနှစ်က စတင် ကျင့်သုံးခဲ့ပြီး၊ မွေးဖွားမယ့် ကလေး သန်း ၄၀၀ လောက်ကို အဲဒီ မူဝါဒက ဟန့်တား နိုင်ခဲ့တယ်လို့ ခန့်မှန်း ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ