ရွေးကောက်ပွဲ ရလဒ်ကို လေးစားဖို့ တူရကီ သမ္မတ ပြော

  • 2 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption လက်ရှိ အာဏာရပါတီ AKP ကို ထောက်ခံသူတွေ အောင်ပွဲခံစဉ်။

တူရကီ နိုင်ငံမှာ လက်ရှိ အာဏာရ AK ပါတီ ပါလီမန် အမတ်နေရာ အများစု အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံတကာက လေးစားရမှာ ဖြစ်တယ်လို့ တူရကီ သမ္မတက ပြောလိုက်ပါတယ်။

မငြိမ်သက်မှုတွေ ဖြစ်ခဲ့ပြီးနောက် မဲဆန္ဒရှင်တွေက တည်ငြိမ်မှုကို ရွေးခဲ့တာ ဖြစ်တယ်လို့ သမ္မတ Recep Tayyip Erdogan က ပြောပါတယ်။

မဲပုံး အားလုံး နီးပါးကို ရေတွက်ပြီးချိန်မှာ သမ္မတ အာဒိုဂန်ရဲ့ AK ပါတီက ၄၉.၄ ရာခိုင်နှုန်း အနိုင်ရခဲ့ပြီး အဓိက အတိုက်အခံ ပါတီ CHP က ၂၅.၄ ရာနှုန်း အနိုင်ရခဲ့ပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်တဲ့ အီးယူရဲ့ OSCE အဖွဲ့ကတော့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲ မတိုင်မီမှာ သတင်း မီဒီယာတွေကို ကန့်သတ်ခဲ့မှုအတွက် တူရကီ အစိုးရကို ဝေဖန် ခဲ့ပါတယ်။

ဥရောပ ကောင်စီရဲ့ ပြောခွင့်ရသူ တစ်ဦးကတော့ တူရကီ ရွေးကောက်ပွဲဟာ လွတ်လပ်မှု ရှိပေမယ့် မျှတမှု မရှိခဲ့ဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ