တူရကီ ရွေးကောက်ပွဲကို ဥရောပ ဝေဖန်

  • 2 နိုဝင်ဘာ 2015
turkey_election ဓာတ်ပုံ မူပိုင် Reuters
Image caption အာဏာရ AK ပါတီ ကပဲ မဲ အားလုံးရဲ့ ၅၀ % ဝန်းကျင် ရရှိ ခဲ့ပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့ စရာ မလိုလောက် အောင် ပါလီမန် နေရာ အသာစီး ရရှိ ခဲ့ပါတယ်။

တူရကီ နိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ပြုလုပ်ခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲ အတွင်း မဲဆန္ဒရှင် တွေ အကြား ကြောက်ရွံ့ ထိန်လန့် ရမှုတွေ၊ အကြမ်းဖက် ဖြစ်ရပ် တွေ နဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့် အကန့်အသတ် ခံရမှု တွေ ရှိနေတယ် ဆိုပြီး ဥရောပ စောင့်ကြည့် လေ့လာသူတွေ က ဝေဖန် လိုက် ကြပါတယ်။

မတူရာ နိုင်ငံရေး အင်အားစု စစ်စစ် မှန်မှန် တွေ ကို ရွေးချယ် နိုင်ခွင့်တော့ တူရကီ မဲဆန္ဒရှင် တွေ ရရှိခဲ့ကြ ပေမယ့် အင်မတန် စိုးရိမ်ရဖွယ် တခြား အချက်အလက်တွေ လည်း ရှိနေတယ် လို့ ဥရောပအတွင်း လုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ အဖွဲ့ OSCE က ပြောပါတယ်။

တူရကီ ရွေးကောက်ပွဲဟာ လွတ်လွတ်လပ်လပ် တော့ ကျင်းပ ခဲ့တာ မှန်ပေမယ့် မျှတမှုတော့ မရှိဘူး ဆိုပြီး ဥရောပ ကောင်စီ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အဲဒီ့ ရွေးကောက်ပွဲမှာ အာဏာရ AK ပါတီ ကပဲ မဲ အားလုံးရဲ့ ၅၀ % ဝန်းကျင် ရရှိ ခဲ့ပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့ စရာ မလိုလောက် အောင် ပါလီမန် နေရာ အသာစီး ရရှိ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ