နာမည်ကြီး ကားကုမ္ပဏီတွေရဲ့ မသမာမှု ပေါ်ထွက်လာ

  • 2 နိုဝင်ဘာ 2015
sp_volkswagen_logo ဓာတ်ပုံ မူပိုင် AFP
Image caption တကယ်တမ်း ထုတ်လွှတ်တဲ့ ဓာတ်ငွေ့ ပမာဏ ကို မပေါ်လွင်ရ စေအောင် မသမာမှုတွေ ပြုလုပ် ထား။

နာမည်ကျော် Volkswagen ကုမ္ပဏီ ထုတ် ကားအမျိုးစား တွေမှာ တကယ်တမ်း ထုတ်လွှတ်တဲ့ ဓာတ်ငွေ့ ပမာဏ ကို မပေါ်လွင်ရ စေအောင် မသမာမှုတွေ ပြုလုပ် ထားတယ် ဆိုတဲ့ စွပ်စွဲချက် တွေ ကို စစ်ဆေး နေရာ ကနေ တခြား နာမည်ကြီး ဇိမ်ခံကား ကုမ္ပဏီ တွေ ကပါ အလားတူ လှည့်ဖျား မှု တွေ ပြုလုပ် ထားတာ ကို တွေ့ရှိ လာရ ပါတယ်။

ကန့်သတ်ထားတဲ့ ပမာဏ ထက် ကျော်ပြီး ဓာတ်ငွေ့ ထုတ်လွှတ် သလား ဆိုတာကို စမ်းစစ်တဲ့ အခါ အဖြေမှန် မထွက် နိုင်ဖို့ Porsche နဲ့ Audiတို့လို နာမည်ကြီး ကုမ္ပဏီတွေ ကလည်း သူတို့ ကားတွေမှာ ကိရိယာ တွေ တပ်ဆင် ထားတာ တွေ့ရတယ် လို့ အမေရိကန် အာဏာပိုင် တွေ က ပြောပါ တယ်။

၃ လီတာ အင်ဂျင် အမျိုးစား တပ်ဆင် ထားတဲ့ ဇိမ်ခံ ကား အကြီးစား အစင်းရေ ၁ သောင်း လောက်ကို စစ်ဆေး ရာ ကနေ အခုလို တွေ့ရှိ လာခဲ့ရတာ ဖြစ်တယ် လို့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ က ပြောပါတယ်။

ဗောက်စ်ဗက်ဂဲန် ကုမ္ပဏီ ဟာ အခုလို ဓာတ်ငွေ့ ထုတ်လွှင့်မှု နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ လ က စလို့ မကောင်းသတင်း ထွက်ခဲ့တဲ့ နောက် မက်ထေးရပ်စ် မူလာ ကို ကုမ္ပဏီ အကြီးအကဲ အနေနဲ့ အစားထိုး ခန့်အပ်ခဲ့ပါတယ်။

ဗောက်စ်ဗက်ဂဲန် ကုမ္ပဏီ ကို ရောက်မလာခင် မက်ထေးရပ်စ် မူလာ တာဝန်ယူခဲ့တဲ့ ပေါ့ရှ်ရှာ ကုမ္ပဏီလည်း ဓာတ်ငွေ့ ထုတ်လွှတ်မှု နဲ့ ပတ်သက်ပြီး လှည့်ဖျား နေတယ် ဆိုတာကို အခုလို တွေ့ရှိ လာရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ