ချက်ပါလာ ဆိုင်ကလုန်း ယီမင်ကို ဦးတည်နေ

  • 2 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption အာရေဗျ ပင်လယ်မှာ ရွေ့လျားနေတဲ့ ချက်ပါလာ ဆိုင်ကလုန်းကို စနေနေ့က နာဆာ အာကာသ ယာဉ်မှူးက ရိုက်ယူခဲ့။

ယီမင် နိုင်ငံရဲ့ အယ်လ်ခိုင်ဒါတွေ ထိန်းချုပ်ထားတဲ့ ဒေသဘက်ကို အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်း တစ်ခု ရှားရှားပါးပါး ဦးတည် ဝင်ရောက်ဖို့ ရှိပါတယ်။

ချက်ပါလာ လို့ အမည်ပေးထားတဲ့ အဲဒီ ဆိုင်ကလုန်း မုန်တိုင်းဟာ အေဒင် ပင်လယ်ကွေ့ အတွင်းက ဆိုကိုထရာ ကျွန်းကို ဖြတ်သန်း တိုက်ခတ်ခဲ့ပြီး ဖြစ်ကာ၊ လူ ၃ ဦးထက် မနည်း သေဆုံး ခဲ့ရပြီး အများအပြား ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ယီမင် ကုန်းမြေကိုတော့ အင်္ဂါနေ့ အစောပိုင်းမှာ မူကယ်လာ မြို့အနီးကနေ ဝင်ရောက် တိုက်ခတ်ဖို့ ဦးတည် နေပါတယ်။

လေတိုက်နှုန်း တစ်နာရီ ၁၆၅ ကီလိုမီတာ အထိ တိုက်ခတ်နိုင်တဲ့ အဲဒီ မုန်တိုင်းကြောင့် ဒီဒေသတဝိုက်မှာ အရင်က မကြုံဖူးတဲ့ ပင်လယ်ပြင် အခြေအနေတွေနဲ့ ကြုံတွေ့နိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောထားပါတယ်။

ဒေသခံတွေကတော့ မူကယ်လာ ဆိပ်ကမ်းအနီးက ပင်လယ်ပြင်ဟာ မီတာ အတော်များများ မြင့်တက် လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ