ရုရှားလေယာဉ်ပျက်၊ IS ဝါဒဖြန့်တာလို့ အီဂျစ်သမ္မတ ပြော

  • 3 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption လေယာဉ် အပျက်အစီး အပိုင်းအစတွေ တစ်စစီ ပြန့်ကျဲနေ။

ဆိုင်နိုင်း ကျွန်းဆွယ်မှာ ပျက်ကျခဲ့တဲ့ ရုရှား ခရီးသည်တင် လေယာဉ်ကို IS အဖွဲ့နဲ့ ဆက်စပ်တဲ့ စစ်သွေးကြွတွေက ပစ်ချခဲ့တာ ဆိုတဲ့ ပြောဆိုမှုတွေဟာ ဝါဒဖြန့်မှုတွေသာ ဖြစ်တယ်လို့ အီဂျစ် သမ္မတ ဖာတာ အယ် စီစီက ပြောလိုက်ပါတယ်။

ဘာကြောင့် ပျက်ကျခဲ့သလဲ ဆိုတာကို ပြောဖို့ စောလွန်း နေသေးတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

စနေနေ့က ရုရှား ခရီးသည်တင် လေယာဉ် Airbus 321 ဟာ ဆိုင်နိုင်း ကျွန်းဆွယ်မှာ လေထဲမှာတင် ပေါက်ကွဲ ခဲ့တယ်လို့ ယူဆရပြီး လေယာဉ်ပေါ် ပါသွားတဲ့ ၂၂၄ ယောက်စလုံး သေဆုံး ခဲ့ပါတယ်။

Kogalymavia လေကြောင်း လိုင်းကတော့ သူ့လေယာဉ် ပျက်ကျမှုဟာ ပြင်ပ အကြောင်း တစုံတရာကြောင့် ဖြစ်တယ်လို့ တနင်္လာနေ့က ပြောခဲ့ပါတယ်။

ဒါပေမယ့် ရုရှား ဗဟို လေကြောင်း အေဂျင်စီ အကြီးအကဲ ကတော့ အဲဒီ စကားဟာ အချက်အလက်တွေပေါ် အခြေခံတဲ့ ပြောဆိုမှု မဟုတ်ဘူးလို့ ပြောပါတယ်။

လေယာဉ် ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ ဘလက်ဘောက်စ် နှစ်ခုစလုံးကို ရှာတွေ့ခဲ့ပြီး အချက်အလက်တွေကို စတင် စိစစ် စစ်ဆေးတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ