အာဆီယံဆွေးနွေးပွဲ အပြီးသတ်ကြေညာချက် မထုတ်နိုင်

  • 4 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးပွဲ အပြီးသတ် ကြေညာချက် မထုတ်နိုင်ခဲ့။

တောင်တရုတ် ပင်လယ်အတွင်း တရုတ်တို့ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေချိန်မှာ မလေးရှား နိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ ထိပ်သီး ဆွေးနွေးပွဲကနေ အပြီးသတ် ကြေညာချက် ထုတ်ဖို့ သဘောတူညီချက် မရနိုင်ဘဲ ပြီးဆုံး သွားခဲ့ပါတယ်။

တရုတ်ရဲ့ အငြင်းပွားဖွယ် ကုန်းမြေ တည်ဆောက်မှုတွေ အကြောင်း ရည်ညွှန်းချက်ကို အပြီးသတ် ကြေညာချက်ထဲမှာ ထည့်သွင်း ထုတ်ပြန်ဖို့ ဆွေးနွေးပွဲကို တက်ရောက် ခဲ့တဲ့ နိုင်ငံအချို့က ဆန္ဒ ရှိခဲ့ကြတာပါ။

ဒါပေမယ့် တရုတ်က အဲဒီကိစ္စကို ကြေညာချက်မှာ မထည့်ဖို့ အပြင်းအထန် ကြိုးစားခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

ဒါ့အပြင် သူ့နိုင်ငံအရေးကို ဝင်ရောက် စွက်ဖက်တယ် လို့လည်း တရုတ်က အဲဒီ နိုင်ငံတွေကို စွပ်စွဲ ခဲ့ပါတယ်။

ဒါ့ကြောင့် အပြီးသတ် ကြေညာချက် ထုတ်ဖို့ သဘောတူညီချက် မရဘဲ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံး ခဲ့တာပါ။

တရုတ်ဟာ ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်း တောင်တရုတ် ပင်လယ်က ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ သန္တာ ကျောက်တန်းတွေမှာ ကုန်းမြေ ပြုပြင်ပြီး လေဆိပ်နဲ့ တခြား အဆောက်အအုံတွေ တည်ဆောက် နေခဲ့တဲ့ အတွက် တခြား အိမ်နီးချင်း နိုင်ငံတွေကို ဒေါသ ဖြစ်စေခဲ့ပါတယ်။

တရုတ်ဟာ စစ်ရေးအတွက် တည်ဆောက်နေတာလို့ အမေရိကန်နဲ့ တခြား နိုင်ငံတွေက စွပ်စွဲခဲ့ပေမယ့် တရုတ်ကတော့ အဲဒီ တည်ဆောက်မှုတွေဟာ တရားဝင်ပြီး အရပ်ဘက် သုံးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ