ပါကစ္စတန် စက်ရုံပြိုကျလို့ အပျက်အစီးကြီး

  • 4 နိုဝင်ဘာ 2015
lahore ဓာတ်ပုံ မူပိုင် epa
Image caption အပျက်အစီး တွေ ကြားက ညလုံးပေါက် ကယ်ဆယ်

ပါကစ္စတန် အရှေ့ပိုင်းက လာဟို မြို့မှာ ဆောက်နေဆဲ ၄ ထပ် စက်ရုံ တလုံး ပြိုကျ လို့ ၁၈ ယောက် အနည်းဆုံး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာ ရခဲ့ပါတယ်။

အပျက်အစီး ပုံတွေ ထဲက လူ ၇ဝ ကျော် ကို ကယ်ထုတ်နိုင်ခဲ့ပြီး လူ တရာ ကျော် ဒီထဲမှာ ဆက်ပြီး ပိတ်မိ နေနိုင်တယ်လို့ အာဏာပိုင် တွေက ဆို ပါတယ်။

အရေးပေါ် အဖွဲ့ တွေက စက်ယန္တရားကြီးတွေ သုံးပြီး အသက်ရှင် ကျန်ရစ်သူ တွေကို ရှာဖွေ နေကြပါတယ်။

စက်ရုံ ပြိုကျတဲ့ အကြောင်းကို သေချာ မသိရ ပေမယ့် အရင်လက အဲဒီမှာ ငလျင်ကြီး လှုပ်ပြီးနောက်ပိုင်း စက်ရုံ နံရံမှာ အက်ကြောင်းတွေ ပေါ်လာတယ်လို့ ဒေသခံ လုပ်သား တွေက ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ