ရိုမေးနီးယား နိုက်ကလပ်မီးကြောင့် ဝန်ကြီးချုပ် နုတ်ထွက်

  • 4 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရ နုတ်ထွက်ပေးဖို့ ဘူခါရက်စ်မြို့နဲ့ တခြား မြို့တွေမှာ ဆန္ဒပြခဲ့ကြ။

ရိုမေးနီးယား နိုင်ငံမှာ လူ ၃၀ ကျော် သေဆုံးခဲ့တဲ့ နိုက်ကလပ် တစ်ခု မီးလောင်မှု အတွက် လူ ၂ သောင်းလောက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြ ပြီးနောက် ဝန်ကြီးချုပ် ဗစ်တာ ပွန်တာ ရာထူးကနေ နုတ်ထွက် သွားပါတယ်။

ဘူခါရက်စ် မြို့က နိုက်ကလပ်ထဲမှာ သောကြာနေ့ညက ဂီတဝိုင်း တစ်ခု ဖျော်ဖြေနေစဉ် မီးရှူးမီးပန်းတွေ ဖောက်ခဲ့ရာကနေ မီးလောင်မှု စတင် ဖြစ်ပွား ခဲ့တာပါ။

ဆန္ဒပြသူတွေက အစိုးရရဲ့ အကျင့်ပျက် ခြစားမှုတွေနဲ့ လုံခြုံရေး အစီအမံ ညံ့ဖျင်းမှုတွေကို မကျေမနပ် ပြောဆိုခဲ့ကြပြီး မစ္စတာ ပွန်တာကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆို ဆန္ဒပြ ခဲ့ကြပါတယ်။

မစ္စတာ ပွန်တာရဲ့ ကြေညာချက်ထဲမှာ သူ ရာထူးကနေ နုတ်ထွက်ကြောင်း၊ သူ့အစိုးရလည်း အကြွင်းမဲ့ နုတ်ထွက်ပါကြောင်း၊ ဒါကြောင့် လမ်းပေါ်ထွက် ဆန္ဒပြသူတွေ ကျေနပ်မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လကတော့ မစ္စတာ ပွန်တာဟာ အကျင့်ပျက်မှု စွဲချက်တွေနဲ့ ရုံးတင် စစ်ဆေး ခံရတဲ့ ပထမဆုံး ရိုမေးနီးယား ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ သူ ရင်ဆိုင်ရတဲ့ စွဲချက်တွေထဲမှာ လိမ်လည်မှု၊ အခွန်ရှောင်မှုနဲ့ ငွေကြေး ခဝါချမှုတွေ ပါဝင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ