အီ​ဂျစ် အပန်း​ဖြေ​မြို့​ကို မ​သွား​ဖို့ ဥ​ရော​ပ​နိုင်ငံ​တချို့ ပိတ်​ပ​င်လာ

  • 6 နိုဝင်ဘာ 2015
egypt_sharm_resort ဓာတ်ပုံ မူပိုင် AFP
Image caption ရှာမယ်လ်ရှိတ်ခ် မြို့ ကို မသွားရောက် ဖို့ ဗြိတိန် နိုင်ငံ နည်းတူ တခြား ဥရောပ နိုင်ငံ တွေ က ပါ ကန့်သတ် မှု တွေ ချမှတ် လာ။

အပန်းဖြေ ခရီး ထွက် သူတွေ သွားရောက် လေ့ရှိ ကြတဲ့ အီဂျစ် နိုင်ငံ Sharm-el-Sheikh မြို့ ကို မသွားရောက် ဖို့ ဗြိတိန် နိုင်ငံ အပြင် တခြား ဥရောပ နိုင်ငံ တွေ က ပါ လိုက်လံပြီး ကန့်သတ် မှု တွေ ချမှတ် လာပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ တုန်း က အဲဒီ့ အရပ် မှာ ရုရှား ခရီးသည် တင် လေယာဉ် ပျက် ကျ ခဲ့ရ တာဟာ အကြမ်းဖက် ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်နိုင်တယ် ဆိုပြီး စိုးရိမ် စိတ် တွေ ရှိလာတဲ့ အတွက် ရှမ်မယ်လ်ရှိတ်ခ် လေဆိပ် ကို သွားမယ့် လေကြောင်း ခရီးစဉ် တွေ အားလုံး ကို ဗြိတိန် နိုင်ငံ ကနေ စတင် ဖျက်သိမ်း ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် နယ်သာလန် နဲ့ ဂျာမနီ နိုင်ငံတွေ ကပါ လေယာဉ် ခရီးစဉ် တွေ ကို ဆိုင်းငံ့ ထားလိုက်ပြီး၊ ပြင်သစ် နဲ့ ဘယ်လ်ဂျီယမ် နိုင်ငံ တွေ ကလည်း သူတို့ နိုင်ငံသားတွေ ကို မသွားမဖြစ် အကြောင်းမျိုး ကလွဲပြီး အဲဒီ့ အီဂျစ် နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ် မှာ ရှိတဲ့ မြို့ကို မသွားကြဖို့ သတိပေး လာကြပါတယ်။

လေယာဉ် ပျက်ကျမှု နဲ့ ပတ်သက်ပြီး စမ်းစစ် ရာမှာ အသုံးပြုခဲ့တဲ့ သတင်း အချက် အလက် တွေ ကို ဗြိတိန် အစိုးရ က မျှဝေ မပေး လို့ ဆိုပြီး ရုရှား က ဝေဖန် ထားပြီး၊ ဗြိတိန် အစိုးရ က ယူဆ ထားသလို လေယာဉ် ပေါ်မှာ ဗုံးကွဲ ခဲ့တယ် ဆိုတာ ကို ညွှန်ပြနေတဲ့ အချက်အလက် တချို့ကို သူတို့လည်း သိရှိ ထားတယ် လို့ အမေရိကန် အစိုးရ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ