ခွန်​ဒုစ်​ဆေး​ရုံ​ကို အမေ​ရိ​ကန် ဗုံး​ကြဲ​ရုံ​မက ထွက်ပြေး​သူ​တွေ​ကို​ပါ ပစ်ခတ်​ခဲ့

  • 6 နိုဝင်ဘာ 2015
_kunduz ဓာတ်ပုံ မူပိုင် AP
Image caption ဆေးရုံကို ပစ်မှတ်ထားပြီး အမေရိကန် က လေကြောင်း ကနေ တိုက်ခိုက် ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၃၀ သေဆုံး ခဲ့။

အာဖဂန် နစ္စတန် နိုင်ငံ ခွန်ဒုစ် မြို့ က ဆေးရုံ ကို အမေရိကန် က လေကြောင်း က နေ တိုက်ခိုက် ခဲ့တုန်းက ထွက်ပြေး ကြသူ တွေ ကိုပါ လေယာဉ် ပေါ်ကနေ ပစ်ခတ် ခဲ့ကြတယ် ဆိုပြီး နယ်စည်းမခြား ဆရာဝန် များ အဖွဲ့ MSF က စွပ်စွဲ ပြောဆို လိုက် ပါတယ်။

လွန်ခဲ့တစ်လ က ဖြစ်ပေါ် ခဲ့တဲ့ အဲဒီ့ ဖြစ်ရပ် ကို ဆေးရုံမှာ တာဝန်ယူ ဆောင်ရွက် ပေးနေတဲ့ MSF ဝန်ထမ်းတွေ မျက်မြင် ကိုယ်တွေ့ ကြုံခဲ့ရတာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ဒါ့ အပြင် ဘေးလွတ်ရာ ရောက်အောင် ကြိုးစားရင်း အပစ်ခံ ခဲ့ရသူတွေထဲ MSF ဝန်ထမ်း လည်း ပါဝင်တယ် လို့ ခွန်ဒုစ် မြို့ ဖြစ်ရပ် အပေါ် ပြန်လည် သုံးသပ်မှု လုပ်ကြတုန်း MSF က ပြောပါတယ်။

အဲဒီ့ အချိန် က ဆေးရုံ ပေါ်မှာ တခြား လူနာ တွေ နဲ့ အတူ ဒဏ်ရာရ ထားတဲ့ တာလီဘန် အဖွဲ့ဝင် ၂၀ ဝန်းကျင် လောက် ရှိနေပေမယ့် အမေရိကန် က စွပ်စွဲ နေသလို ဆေးရုံဝင်း ထဲ ကနေ စတင် ပစ်ခတ် ဖို့ နေနေသာသာ အဲဒီ့ သူတွေ ဆီမှာ ဘယ်လို လက်နက် မျိုးမှ ရှိမနေ ဘူး လို့လည်း MSF က ပြောပါတယ်။

ဆေးရုံကို ပစ်မှတ်ထားပြီး အမေရိကန် က လေကြောင်း ကနေ တိုက်ခိုက် ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၃၀ သေဆုံး ခဲ့ရပြီး သမ္မတ အိုဘားမား က အဲဒီ့ ဖြစ်ရပ် အပေါ် တောင်းပန် စကား ပြောကြား ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ