အီဂျစ်လေကြောင်း ခရီးစဉ် ရုရှားဆိုင်းငံ့

  • 7 နိုဝင်ဘာ 2015
egypt russia
Image caption ဆိုင်းနိုင်းကျွန်းဆွယ်မှာ ရုရှား လေယာဉ်ပျက်ကျခဲ့

ပြီးခဲ့တဲ့ စနေနေ့ က အီဂျစ် နိုင်ငံ ဆိုင်းနိုင်း ကျွန်းဆွယ်မှာ ရုရှား လေယာဉ် ပျက်ကျ ခဲ့ ရတဲ့ အကြောင်း အရင်းခံ ကို မဖော်ထုတ် နိုင် မချင်း အီဂျစ် ကို ပျံသန်းမယ့် လေကြောင်း ခရီးစဉ် အားလုံးကို ရုရှား ဘက်က ဆိုင်းငံ့ ထားလိုက် ပါတယ်။

ရှိသင့် ရှိထိုက်တဲ့ လုံခြုံရေး အခြေအနေ မျိုး ရောက် ရှိအောင် အီဂျစ် အစိုးရ နဲ့ ပူးတွဲ လုပ်ဆောင် နေတယ် လို့ ရုရှား က ပြောပေမယ့် အခုချိန် အထိတော့ အကြမ်းဖက် သမားတွေ ရဲ့ လက်ချက် နဲ့ ပျက်ကျ ခဲ့ရတာ ဖြစ်နိုင် တယ် ဆိုတဲ့ အချက် အပေါ် မှာတော့ ရုရှား အစိုးရ က အတည်မပြု သေးဘဲ ရှိ နေပါတယ်။

လေယာဉ် ပျက်ကျ ခဲ့ရလို့ ရုရှား နိုင်ငံသား အများစု ဖြစ်တဲ့ လူ ပေါင်း ၂ဝဝ ကျော် သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ