နိုင်ငံခြား သင်တန်းဆရာတွေကို ဂျော်ဒန် ရဲက ပစ်သတ်

  • 9 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန်ရဲ့ အထောက်အပံ့နဲ့ ဖွင့်ထားတဲ့ ရဲသင်တန်းကျောင်းမှာ ပါလက်စတိုင်းနဲ့ အီရတ် လုံခြုံရေး တပ်ဖွဲ့တွေကို လေ့ကျင့်ပေးနေ။

ဂျော်ဒန် နိုင်ငံ၊ အမ်မန် မြို့က ရဲသင်တန်းကျောင်း တစ်ခုမှာ ဂျော်ဒန် ရဲအရာရှိ တစ်ယောက်က အမေရိကန် သင်တန်းဆရာ ၂ ဦးနဲ့ တောင်အာဖရိက နိုင်ငံသား ၁ ဦးတို့ကို ပစ်သတ် ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် နောက်ထပ် အမေရိကန် ၂ ယောက်နဲ့ ဂျော်ဒန် နိုင်ငံသား ၄ ယောက်တို့လည်း ဒဏ်ရာ ရရှိခဲ့ပြီး၊ အဲဒီ ပစ်ခတ်သူ ရဲအရာရှိကို တခြား အရာရှိတွေက အသေ ဖမ်းဆီး ခဲ့တယ်လို့ ဂျော်ဒန် အစိုးရ ပြောခွင့်ရသူ မိုဟာမက် မိုမန်နီက ဆိုပါတယ်။

အစောပိုင်းကတော့ အဲဒီ ပစ်ခတ်သူဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာလို့ ဂျော်ဒန် လုံခြုံရေး သတင်းရပ်ကွက်က ပြောခဲ့ပါတယ်။

အမေရိကန်ရဲ့ အထောက်အပံ့နဲ့ ဖွင့်လှစ်ထားတဲ့ အဲဒီ ဂျော်ဒန် နိုင်ငံတကာ ရဲ သင်တန်းကျောင်းမှာ ပါလက်စတိုင်းနဲ့ အီရတ် လုံခြုံရေး ဝန်ထမ်းတွေကို အဓိက လေ့ကျင့် ပေးနေတာပါ။

ဒီပစ်ခတ်မှုဟာ ရာဇဝတ်မှု တစ်ခု ဖြစ်တယ်လို့ မစ္စတာ မိုမန်နီက ပြောလိုက်ပြီး ဒီအမှုကို စတင် စုံစမ်း စစ်ဆေးနေပြီလို့ သူက ပြောပါတယ်။

ပစ်ခတ်သူဟာ ကပ္ပတိန် အဆင့်ရှိ အကြီးတန်း သင်တန်းဆရာ တစ်ယောက် ဖြစ်တယ်လို့ ဂျော်ဒန် လုံခြုံရေး သတင်းရပ်ကွက် ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ